News

POST TYPE

NEWS

ကောလင်းတွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်
21-Mar-2019

ဓာတ်ပုံ - နန္ဒတကိုယ်တော်

မန္တလေး၊ မတ် ၂၁

စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် မတ်လ ၂၁ ရက်နေ့က ဦးနန္ဒဆိုသူသည် တရားဥပဒေစိုးမိုးရေးအတွက် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည်။

“တရားစီရင်ရေးကို နိုင်ငံတော်အစိုးရက ထိရောက်စွာ ထိန်းသိမ်းကြပ်မတ်ပေးဖို့။ လက်ရှိမြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဟာ ပြည်သူလူထုအတွက် ကြောက်စရာတစ်ခုဖြစ်နေတယ်။ ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေးမဏ္ဍိုင်တစ်ခုဖြစ်လာဖို့ ရည်ရွယ်ပြီး အခုလိုဆန္ဒထုတ်ဖော်ထုတ်တာဖြစ်တယ်”ဟု ဦးနန္ဒက ပြောကြားသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် တရားစီရင်ရေးကို နိုင်ငံတော်အစိုးရက ထိရောက်စွာ ထိန်းသိမ်းကြပ်မတ်ပေးရေး၊ ဥပဒေဖြင့် ပြည်သူအပေါ် ဖိနှိပ်မှုများ ရပ်တန့်ရေး၊ ပြစ်မှု ပြစ်ဒဏ်မျှတရေး၊ နိုင်ငံသားတိုင်း ဥပဒေ၏ အကာအကွယ်ကို တန်းတူခံစားရရှိရေး၊ ဥပဒေကို လက်တစ်လုံးခြား လုပ်ကိုင်မှုများ ရပ်တန့်ရေးစသည်တို့ကို တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သည်။

၎င်းသည် ယခင်က သတင်းမီဒီယာသမားတစ်ဦးဖြစ်ပြီး ယခုအခါနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ရပ်တည်ကြောင်း၊ မတ်လ ၈ ရက်နေ့က စစ်ကိုင်းတိုင်း ကသာမြို့တွင်လည်းကောင်း၊ မတ်လ ၂၁ ရက်နေ့က ကောလင်းမြို့တွင်လည်းကောင်း တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ပြီးနောက် မန္တလေးနှင့် ရန်ကုန်မြို့များတွင်လည်း တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆိုသည်။

M-01