News

POST TYPE

NEWS

ဘင်္ဂလားဒေ့ရှ် အစိုးရဝက်ဘ်ဆိုက်နှင့် သတင်းဌာနဝက်ဘ်ဆိုက်များကို မြန်မာဟက်ကာများ ဆက်လက်တိုက်ခိုက်
16-Mar-2019

ရန်ကုန်၊ မတ် ၁၆

ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး မမှန်သတင်းများဖော်ပြမှုကြောင့် မြန်မာဟက်ကာများက ဘင်္ဂလားဒေ့ရှ် ဝက်ဘ်ဆိုက်များကို ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်နေပြီး လက်ရှိအချိန်တွင် အစိုးရဝက်ဘ်ဆိုက်များနှင့် သတင်းဌာနများ အပါအဝင် ဘင်္ဂလားဒေ့ရှ် ဝက်ဘ်ဆိုက်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု UGMH မြန်မာဟက်ကာအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မြန်မာဟက်ကာများအနေဖြင့် မတ်လ ၁၄ ရက်နှင့် ၁၅ ရက်များတွင်လည်း ဘင်္ဂလားဒေ့ရှ် ဝက်ဘ်ဆိုက် ၆၀ ကျော်ကို ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုများ ပြုလုပ်နေသည်ဟု မမှန်သတင်းများဖြင့် တိုက်ခိုက်နေမှုများကြောင့် ယခုကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှုများဖြင့် တုံ့ပြန်နေခြင်းဖြစ်သည်ဟု မြန်မာဟက်ကာအဖွဲ့ UGMH က The Voice ကို ပြောဆိုထားသည်။

လက်ရှိအချိန်တွင် မြန်မာအစိုးရဝက်ဘ်ဆိုက်အချို့ကိုလည်း တုံ့ပြန်တိုက်ခိုက်မှု ရှိနေသည်ဟု ပြည်တွင်း ပညာရှင်များက ပြောဆိုမှုများ ရှိနေသည်။ သို့သော်လည်း ထိခိုက်မှု တစ်စုံတရာ မတွေ့ရသေးပေ။

မြန်မာနိုင်ငံအပေါ် မမှန်သတင်းများဖြင့် ဆက်လက် တိုက်ခိုက်နေမှုများ ပြုလုပ်နေပါက ဆိုက်ဘာတိုက်ခိုက်မှုများကို ရပ်တန့်သွားမည်မဟုတ်ဟုလည်း UGMH အဖွဲ့က The Voice ၏ မေးမြန်းမှုကို ဖြေကြားထားသည်။

UGMH အနေဖြင့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း၌လည်း တူရကီနိုင်ငံနှင့် ဆိုက်ဘာစစ်ပွဲဆင်နွှဲခဲ့ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်၍ မမှန်သတင်းများဖော်ပြခြင်းကို တုံ့ပြန်ခဲ့သည်။

မောင်မန်း