News

POST TYPE

NEWS

တာချီလိတ်တွင် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ဒေါ်လာ ၁၀၀ တန်အတုများ ဖမ်းမိ
14-Mar-2019

ကျိုင်းတုံ၊ မတ် ၁၄

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့ တာလော့ရပ်ကွက်ရှိ ငွေလဲဆိုင်တွင် မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ထိုင်းနိုင်ငံသားတစ်ဦးထံမှ ဒေါ်လာ ၁၀၀ တန် အတုများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“သူက ငွေလဲဆိုင်မှာ ငွေလာလဲချိန် ဒေါ်လာအတုတွေမှန်းသိတဲ့ဆိုင်ရှင်က အကြောင်းကြားလို့ ဖမ်းဆီးရမိတာပါ။ ထိုင်းနိုင်ငံကနေ မြန်မာဘက်ကို နယ်စပ်တံတားက တရားဝင် ဖြတ်သန်းလာတာလို့ သိရတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ထိုင်းနိုင်ငံသား Mr.Ekka Phon Kaew Thong (၅၀ နှစ်) ထံမှ ၁၀၀ တန် အမေရိကန်ဒေါ်လာ အတု ၁၉ ရွက်၊ လက်ကိုင်ဖုန်းတစ်လုံးတို့ ဖမ်းဆီးရမိခဲ့၍ (ပ)၁၃၁/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ - ၄၈၉-ခ/၄၈၉-ဂ ဖြင့် အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။

R-16