News

POST TYPE

NEWS

ကျေးရွာသမအသင်းစုငွေကို အလွဲသုံးစားလုပ်သည့် စာရေးကို အမှုဖွင့်
14-Mar-2019

မိတ္တီလာ၊ မတ် ၁၄

မန္တလေးတိုင်း မလှိုင်မြို့နယ် သရက္ကန်ကျေးရွာတွင် မငွေစုငွေချေးသမဝါယမအသင်းသားများ လာမထုတ်သည့် ငွေများကို စာရေးဖြစ်သူထံ အပ်နှံထားရာမှ ကိုယ်ကျိုးသုံးစွဲပစ်ကြောင်းပေါ်ပေါက်၍ မတ် (၁၃)ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ အဆိုပါအသင်းသည် ယခုနှစ် ဇန်နဝါရီ (၁၈) ရက်နေ့က သရက္ကန်ကျေးရွာနေ စာရေး ဦးကျော်ဦးနေအိမ်တွင် အသင်းသားများကိုခေါ်၍ သမချေးငွေများထုတ်ပေးခဲ့ရာတွင် ဦးသန်းအေးနှင့် ဒေါ်စန်းစန်း၊ ဦးမြင့်လွင်နှင့် ဒေါ်ငယ်တို့၏ ငွေကျပ် ရှစ်သိန်းသုံးသောင်းကျော်လာမထုတ်ခဲ့သည့်အတွက် သမဝါယမအသင်း ဥက္ကဋ္ဌ ဦးရွှေက စာရေးဦးကျော်ဦးထံအပ်နှံခဲပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ယင်းငွေများကို ပြန်လည်တောင်းခံသော်လည်း ဦးကျော်ဦးက ပြန်မအပ်ဘဲ ကိုယ်ကျိုးသုံးစွဲထားသည်ကို သိရှိခဲ့သဖြင့် ဦးရွှေက အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါတိုင်တန်းချက်ကို မလှိုင်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်နေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01