News

POST TYPE

NEWS

က.ည.န ခရိုင်ရုံး (သန်လျင်) ၏ ယာဉ်စစ်ဆေးခြင်း နေရာအသစ်တွင် ပြောင်းလဲဆောင်ရွက်ပေးမည်
24-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

သန်လျင်-သီလဝါလမ်းပိုင်း အဆင့် မြှင့်ခြင်းစီမံကိန်း လမ်းတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသောကြောင့် ယာဉ်ကျပ်တည်းမှုမရှိစေရန် က.ည.န ခရိုင်ရုံး (ရန်ကုန်တောင်ပိုင်း သန်လျင်) ၏ ယာဉ်စစ်ဆေးခြင်း လုပ်ငန်းများကို ရုံးမြေနေရာအသစ်တွင် မတ်လ ၃ ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုလက်ရှိတွင် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများကို သန်လျင်မြို့နယ်ရှိ အမှတ် (၉၈၃) သီလဝါလမ်းမကြီးနှင့် ဖွံ့ဖြိုးရေးလမ်းထောင့်ရှိ ရုံးအဟောင်းနေရာတွင် ဆောင်ရွက်ပေးနေပြီး ယာဉ်ပိုင်ရှင်များအနေနှင့် မိမိယာဉ်များကို ရုံးဟောင်း၏ ရှေ့လမ်းမကြီးဘေးတွင် ရပ်နားခြင်းမပြုရန် ထုတ်ပြန်ကြေညာထားကြောင်း က.ည.န (သန်လျင်) ထံမှ သိရသည်။

အဆိုပါ ရုံးအသစ်တွင် ယာဉ်စစ် ဆေးပြီးပါက မှတ်ပုံတင်လုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးအဟောင်းတွင် ပုံမှန်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးတွင် Online Booking ဖြင့် ယာဉ်မှန်၊ မမှန် ယာဉ်စစ်ရက်ချိန်းရယူ ဆောင်ရွက်ခြင်းကို ၂၀၁၈ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်ရက်လျှင် အစီး ၇၀ ခန့်ကို စစ်ဆေးပေးလျက်ရှိကြောင်းနှင့် ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းကို လစဉ် ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပုံမှန်စစ်ဆေးကာ ဆောင်ရွက်ပေးလျက်ရှိသည်။

J-10