News

POST TYPE

NEWS

နားမခေါ်တိုက်ပွဲရှောင်စခန်းရှိ ကျောင်းသား ၂၀ ကျော် စာမေးပွဲဖြေဆို
19-Feb-2019
လားရှိုး၊ ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နားမခေါ်တိုက်ပွဲရှောင်စခန်းတွင် ခိုလှုံလျက်ရှိသည့် ကျောင်းသားများအနက်မှ စတုတ္ထတန်းကျောင်းသား၊ ကျောင်းသူ ၂၇ ဦးမှာ ယင်းကျေးရွာရှိ တွဲဖက်အလယ်တန်းကျောင်း၌ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စတင်၍ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း ယင်းစခန်းတာဝန်ရှိသူများထံမှ သိရသည်။

“စခန်းမှာရှိတဲ့လေးတန်းကျောင်းသား၊ ကျောင်းသူ ၂၇ ယောက် စာမေးပွဲ ဖြေကြတယ်။ ဆရာမတွေလည်း လိုက်ပါကြီးကြပ်ပေးတယ်။ ကျွန်တော်တို့ရွာလူကြီးတွေလည်း လိုက်ပါစောင့်ရှောက်ပေးနေတယ်”ဟု အဆိုပါစခန်းမှ တာဝန်ရှိသူ ဦးစိုင်းဆန်စိန်က ပြောဆိုသည်။

သီပေါမြို့နယ် နားမခေါ်ကျေးရွာရှိ တိုက်ပွဲရှောင်စခန်းသို့ ကျေးရွာပေါင်း ခြောက်ရွာမှ အိမ်ထောင်စုပေါင်း ၂၃၁ စုမှ လူပေါင်း ၅၈၂ ဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းမှ စတင်ရောက်ရှိလာခြင်းဖြစ်ပြီး ယနေ့ထက်တိုင်နေရပ်သို့ပြန်နိုင်ခြင်း မရှိသေးပေ။

ယင်းကြောင့် တိုက်ပွဲရှောင်မိသားစုများနှင့်အတူပါလာသည့် ကျောင်းသား၊ ကျောင်းသူများကို နားမခေါ်ကျေးရွာ၌ပင် စာသင်ကြားပေးခြင်းနှင့် စာမေးပွဲစစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် တိုက်ပွဲရှောင် စခန်းများမှ တိုက်ပွဲရှောင်ကျောင်းသား ကျောင်းသူ ၄၅ ဦး စာမေးပွဲဖြေဆိုခဲ့ကြသည်။

R-07