POST TYPE
NEWS
ကျောက်တော်တွင် ဖမ်းဆီးခံထားရသော စစ်ရှောင် ၂၆ ဦးအနက် ၁၃ ဦးကို မတရားအသင်းပုဒ်မနှင့် တရားစွဲ
19-Feb-2019
စစ်တွေ၊ ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်နယ် ကျောက်တော်မြို့၌ ဖမ်းဆီးခံရသည့် စစ်ရှောင် ၂၆ ဦးအနက် ၁၃ ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) (၂) ဖြင့် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ကျောက်တော်မြို့နယ်တရားရုံး၌ စတင်၍ တရားစွဲဆိုခဲ့ကြောင်း အကျိုးဆောင် ရှေ့နေ ဦးထွန်းလှထံမှသိရသည်။
ကျန်ရှိသော စစ်ရှောင် ၁၃ ဦးကိုမူ တရားမစွဲဘဲ အာမခံဖြင့် ပြန်လည်လွှတ်ပေးမည်ဖြစ်ပြီး လက်ရှိအချိန်၌ စစ်တွေမြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားဆဲဖြစ်ကြောင်း ၎င်းထံမှသိရသည်။
“သူတို့ကို ပတ်သက်ဆက်နွှယ်မှု ရှိတယ်ဆိုပြီးတော့ တရားစစွဲပြီပေါ့၊ ကျန်တဲ့သူတွေကို ပြန်လွှတ်မှာပါ၊ လွှတ်တယ်ဆိုရင်လည်း လိုအပ်ရင် ပြန်ခေါ်စစ်ဆေးမှုတွေရှိနိုင်တဲ့ သဘောပေါ့”ဟု အကျိုးဆောင်ရှေ့နေက ရှင်းပြသည်။
တပ်မတော်နှင့် AA တို့ဖြစ်ပွားသော တိုက်ပွဲတို့ကြောင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာမှ လူဦးရေ ၂၀ ကျော်သည် ကျောက်တော်မြို့၌ တိမ်းရှောင်ခိုလှုံနေကြရာ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ၎င်းတို့တည်းခိုနေသည့် အိမ်ရှင် ၂ ဦးနှင့် စစ်ရှောင် ၂၄ ဦးတို့ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ထိုသို့ဖမ်းဆီးပြီးနောက် ချုပ်ရမန်ယူကာ စစ်တွေမြို့မရဲစခန်းတွင် ချုပ်နှောင်ကာ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
လက်ရှိအချိန်၌ မတရားအသင်းဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံနေရသူများထဲတွင် ကျောက်တော်မြို့မှ စစ်ရှောင်များတည်းခိုသည့်အိမ်၏ အိမ်ရှင်အမျိုးသမီးတစ်ဦးပါဝင်ပြီး ၎င်းတို့ကို မတ်လ ၄ ရက်နေ့သို့ ရုံးချိန်းဆိုလိုက်သည်။
R-22
- VIA
- Voice Admin
- SOURCES
- The Voice
-
20-Jan-2021
-
20-Jan-2021
-
20-Jan-2021
-
20-Jan-2021
-
20-Jan-2021
-
20-Jan-2021