News

POST TYPE

NEWS

TrueMoney ငွေလွှဲဝန်ဆောင်မှုကို AGD ဘဏ်က တာဝန်ခံသည်ဟု ထုတ်ပြန်
16-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ 

TrueMoney မြန်မာ၏ ပြည်တွင်း ပြည်ပ ငွေလွှဲဝန်ဆောင်မှုများနှင့် ပတ်သက်သည်များကို အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် (AGD) က တာဝန်ခံကြောင်း အဆိုပါဘဏ်က သတင်းထုတ်ပြန်သည်။

TrueMoney မြန်မာသည် AGD ဘဏ်နှင့် ၂၀၁၆ ခုနှစ် မတ်လမှ စတင်ကာ ပြည်တွင်း ပြည်ပ ငွေလွှဲလုပ်ငန်းများ၊ တယ်လီဖုန်းဘီလ်နှင့် အခြားသောဘီလ်ပေးချေခြင်းဆိုင်ရာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်များ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။

TrueMoney အနေဖြင့် မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုပြီး ငွေပေးငွေယူမှုများ ပြုလုပ်နေသည့် စားသုံးသူများနှင့် ကိုယ်စားလှယ်များ၏ ကွန်ရက်တစ်ခုတစ်ခု လုံခြုံမှုကို အဓိကလုပ်ဆောင်နေသည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဖြစ်ကြောင်း TrueMoney မြန်မာ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr. Ambrish Dixit က ပြောကြားသည်။

TrueMoney ၏ ပြည်တွင်း ပြည်ပ ငွေလွှဲဝန်ဆောင်မှုများကို AGD ဘဏ်အပါအဝင် မြန်မာပြည်အနှံရှိ ကိုယ်စားလှယ်ပေါင်း ၁၅၀၀၀ ကျော်တွင် အသုံးပြုနိုင်ကြောင်း အဆိုပါကုမ္ပဏီများထံမှ သိရသည်။ 

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်များတွင် ပြန်နှံခဲ့သော TrueMoney ၏ ငွေလွှဲဝန်ဆောင်မှုနှင့် ပတ်သက်သော ကောလာဟလသတင်းများသည် မှန်ကန်မှုမရှိသော သတင်းများသာဖြစ်သောကြောင့် TrueMoney သုံးစွဲသူများအနေဖြင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ကြောင်း အဆိုပါကုမ္ပဏီများက ထုတ်ပြန်သည်။

J-01