News

POST TYPE

NEWS

လှိုင်သာယာနှင့်ဒဂုံမြို့သစ်(ဆိပ်ကမ်း) ရှိ တိုက်ခန်း ၁၅၀၀ ကျော်ကို ရောင်းပေးမည်
14-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ 

ရန်ကုန်တိုင်း လှိုင်သာယာနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ဆောက်လုပ်ထားသော တန်ဖိုးသင့်နှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၁၅၀၀ ကျော်ကို ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါတိုက်ခန်းကိုဝယ်ယူရန် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID) တွင် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီသူ ၃၃၅၇ ဦးရှိကြောင်း၊ ဝယ်ယူလိုသူများအနေနှင့် ဖေဖော်ဝါရီ ၂၂ ရက်နေ့ နောက်ဆုံးထား၍ မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း မြို့ ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“CHID မှာ စုထားတာ သိန်း ၃၀ အထက်ရှိသူတွေ မဲနှိုက်ဝယ်ယူခွင့် ရှိပါတယ်။ သူတို့အမည်စာရင်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကြေညာပေးမယ်။ မဲနှိုက်ရမယ့်နေ့ကိုလည်း အဲဒီနေ့မှာ ကြေညာပေးမယ်”ဟု ၎င်းက ပြောဆိုသည်။

လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်း အိမ်ရာအပိုင်း - ၂ မှ ၂၈၁ ခန်း၊ ရွှေလင်ဗန်း အိမ်ရာအပိုင်း - ၃ မှ ၁၇၄ ခန်းနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း - ၁ မှ ၁၇၅ ခန်း၊ ယုဇနအိမ်ရာ အပိုင်း - ၂ မှ ၆၃၉ ခန်း၊ ကနောင်အိမ်ရာ စီမံကိန်းမှ ၂၄၃ ခန်း၊ လှိုင်သာယာမြို့နယ် ထီးလှိုင်ရှင်အိမ်ရာစီမံကိန်းမှ တန်ဖိုးသင့်တိုက်ခန်း ၁၀ ခန်း ရောင်းချပေးရန် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက စီစဉ်ထားသည်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID) တွင် အိမ်ရာဝယ်ယူရန် ငွေစုထားသူ ၂၅,၀၀၀ ခန့်ရှိပြီး အိမ်ရာဝယ်ယူရန်ငွေစုထားသူများထံမှ ကျပ် ၂၂ ဘီလီယံကျော် ရထားပြီဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

J-10