POST TYPE

NEWS

ထိုင်းနိုင်ငံသားတစ်ဦးထံမှ လက်နက်နှင့်မူးယစ်ဆေးများ ဖမ်းမိ
12-Feb-2019


ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၁၂

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီခန့်က ထိုင်းနိုင်ငံသား ဆိုင်ကယ်စီးအမျိုးသားတစ်ဦးကို စစ်ဆေးရာမှ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“သေနတ်ပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် ပူးပေါင်းအဖွဲ့နဲ့ ပိုက်စိတ်တိုက် ရှာဖွေရာကနေ ဖမ်းမိတာပါ။ ဒီရက်ပိုင်းအတွင်းမှာ ထိုင်းနိုင်ငံသား အမျိုးသား၊ အမျိုးသမီးတွေထံကနေ လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေ မကြာခဏ ဖမ်းမိခဲ့တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ထိုင်းနိုင်ငံသား Mr. Sarayut (၃၂ နှစ်) ထံမှ ပစ္ဏတိုသေနတ် ၁ လက်၊ ကျည် ၁၅ တောင့်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြား၊ ICE အဖြူရောင်ပုံဆောင်ခဲ သုည ဒသမ ၇ ဂရမ်ခန့်နှင့် လက်ကိုင်ဖုန်းတစ်လုံး၊ ထိုင်းမှတ်ပုံတင်တစ်ခုတို့ ဖမ်းဆီးရမိခဲ့၍ ၎င်းကို မူး/စိတ်ပုဒ်မ- ၁၆(ဂ)၊၂၂(ခ) ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16