POST TYPE
NEWS
၀ငငှှအကေောငှးဆုံး ဟာသရုပရှှငဖှှဈလာတဲ့ “Extreme Job”
12-Feb-2019

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၁
ကိုရီးယား ဟာသရုပ်ရှင်ဇာတ်ကား “Extreme Job”ဟာ ကိုရီးယားနိုင်ငံရဲ့ရုပ်ရှင်သမိုင်းမှာ ဝင်ငွေ အကောင်းဆုံး ဟာသရုပ်ရှင်ဇာတ်ကား ဖြစ်လာခဲ့ကြောင်း soompi.com မှာ ဖော်ပြထားပါတယ်။
“Extreme Job” ရုပ်ရှင်ဇာတ်ကားဟာ ရုံတင်ပြသတဲ့ ၁၉ ရက်အတွင်း၊ လက်မှတ်စောင်ရေ ၁၂,၈၃၅,၃၉၆ ကျော်ရောင်းချခဲ့ရပြီး၊ ဝင်ငွေအကောင်းဆုံး ဟာသရုပ်ရှင်ဇာတ်ကားအဖြစ် စံချိန်ချိုးခဲ့ပါတယ်။
ယခင်ကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Miracle In Cell No .7” ရုပ်ရှင်ဇာတ်ကားက လက်မှတ်စောင်ရေ ၁၂,၈၁၁,၂၀၆ ရောင်းချခဲ့ရပြီး စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီဇာတ်ကားက ကိုရီးယားနိုင်ငံ ရုပ်ရှင်သမိုင်းမှာ ဝင်ငွေအကောင်းဆုံး ဟာသရုပ်ရှင်ဖြစ်ခဲ့သလို၊ ရုပ်ရှင်သမိုင်းမှာ နဝမမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။
ဇာတ်လမ်းကတော့ မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကို ဖြိုခွင်းချင်တဲ့ စုံထောက်ငါးယောက်က ကြက်ကြော်ဆိုင်တစ်ခုကိုဟန်ပြဖွင့်ကာ စုံစမ်းထောက်လှမ်းရင်းကနေ အလွဲတွေ ကြုံရတဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားမှာတော့ သရုပ်ဆောင် Ryu Seung Ryong၊ Honey Lee နဲ့ Jin Sun Kyu တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
- VIA
- Voice Admin
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021