News

POST TYPE

NEWS

MSME လုပ်ငန်းရှင်များကို ငွေကြေးဆိုင်ရာ သင်တန်းပေးမည်
12-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းရှင်များအတွက် စီးပွားရေးလုပ်ငန်း၏ ဘဏ္ဍာရေးစီမံကိန်း ရေးဆွဲခြင်းသင်တန်း (Financial Plan) သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

ငွေကြေးဆိုင်ရာသင်တန်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ ၇ မိုင် အမှတ် ၅ သလ္လာဝတီလမ်းရှိ SME Center တွင် ပြုလုပ်မည်ဖြစ်ပြီး သင်တန်းကြေးမှာ ကျပ်ငါးသောင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းသင်တန်းတွင် အနာဂတ်အတွက် အစီအစဉ်ရေးဆွဲခြင်း၊ စီးပွားရေးလုပ်ငန်းလေ့လာသုံးသပ်မှုပြုခြင်း၊ ပြင်ပပတ်ဝန်းကျင်ရှိ ပြောင်းလဲနေသည့်အရာများကို ကြိုတင်ခန့်မှန်းခြင်း၊ ဆုံးရှုံးမှုနည်းပါးရန် စီမံခန့်ခွဲခြင်း၊ လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း၊ ငွေကြေးလည်ပတ်မှု အစီအစဉ်ရေးဆွဲခြင်း၊ ချေးငွေရရှိနိုင်ရန် အစီအစဉ်ရေးဆွဲခြင်း စသည့်အကြောင်းအရာများကို သင်ကြားပေးမည်ဖြစ်သည်။

သင်တန်းတက်ရောက်လိုသူများအနေနှင့် Success Solutions School ဖုန်း ၀၉- ၆၉၅၀၂၁၇၃၂ ထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

J-11