News

POST TYPE

NEWS

မင်းလှတွင် ဘင်္ဂါလီ ၁၆ ဦး ထပ်မံဖမ်းမိ
12-Feb-2019



မကွေး၊ ဖေဖော်ဝါရီ ၁၂

မကွေးတိုင်း မင်းလှမြို့နယ်ရေနံမနယ်မြေစခန်းအပိုင်တွင် ဖေဖော်ဝါရီ ၁၀ ရက်ကပင် အထောက်အထားမဲ့ဝင်လာသည့် ဘင်္ဂါလီ ၁၂ ဦး ဖမ်းမိခဲ့ရာ ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းကလည်း ဘင်္ဂါလီ ၁၆ ဦး ထပ်မံဖမ်းမိခဲ့ကြောင်း ယင်းနယ်မြေရဲစခန်းထံမှ သိရှိရသည်။

ယင်းနယ်မြေ ပရဆိုင်ရွာအနောက်ဘက် ၇ မိုင်ခန့်အကွာရှိ ဝါးတောထဲမှ ရခိုင်ပြည် မြောက်ဦးမြို့နယ် ဘူးတစ်လုံးရွာမှလာသည့် ဘင်္ဂါလီ ကျား ၁၁ ဦးကို ဖမ်းမိခဲ့ရာ စစ်ဆေးစဉ် ထပ်မံသတင်းရသဖြင့် ကြိမ်ဇာရွာမြောက်ဘက် တစ်မိုင်ခန့်အကွာတောထဲမှ မြောက်ဦးမြို့နယ်၊ ရှမ်းတောင်ရွာမှ ဘင်္ဂါလီ ၅ ဦး ထပ်မံဖမ်းမိခဲ့ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

အထောက်ထားမဲ့ဝင်လာသည့် ဘင်္ဂါလီ ၁၆ ဦးကို ရေနံမ နယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးမင်းထွန်း ဦးဆောင်သောအဖွဲ့က မင်းလှမြို့နယ်ရဲတပ်ဖွဲ့ရုံးသို့ ခေါ်ဆောင်လာခဲ့ကာ မြို့နယ်လဝကအဖွဲ့ဝင်များနှင့် ပူးပေါင်းစစ်ဆေးပြီး မှတ်ပုံတင်အက်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၂၀၁၈ ခုနှစ်အတွင်းက အထောက်ထားမဲ့ဝင်ရောက်လာသည့် ဘင်္ဂါလီ ၁၃၁ ဦး ဖမ်းမိခဲ့ပြီး၊ ၂၀၁၉ ခုနှစ် ဖေဖော်ရီလ ၁၂ ရက်နေ့အထိ ယခုဖမ်းမိသည့် ၁၆ ဦး အပါအဝင် ၆၂ ဦး ဖမ်းမိထားကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရှိရသည်။

R-23