News

POST TYPE

NEWS

ချောက်တွင် သတ္တမတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး
12-Feb-2019

ချောက်၊ ဖေဖော်ဝါရီ ၁၂

မကွေးတိုင်း ချောက်မြို့ အမှတ် ၇ နယ်မြေ ရွာဟောင်းရပ်ကွက် ဧရာဝတီမြစ်ဆိပ်ကမ်းတွင် သတ္တမတန်းကျောင်းသားတစ်ဦး ဖေဖော်ဝါရီလ ၁၁ ရက် ညနေပိုင်းက ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရှိသည်။

ယင်းမြို့ အမှတ် ၁၃ အာရှရပ်နေ သတ္တမတန်းကျောင်းသား အာကာမိုး (၁၃ နှစ်) သည် ၄င်း၏ ညီမ၊ သူငယ်ချင်းတစ်ယောက်နှင့်အတူ ရွာဟောင်းဆိပ်ကမ်းသို့သွားစဉ် ၄င်းတစ်ဦးတည်း ရေမကူးတတ်ဘဲ မြစ်အတွင်းသို့ ရေဆင်းချိုရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။ 

၎င်းနှင့်အတူပါလာသူများက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံသဖြင့် ယင်းရပ်ကွက်နေ ပြည်သူများက လိုက်လံရှာဖွေရာ နာရီဝက်ခန့်အကြာမှ ရွှံ့နွံများပေးနေသော ၄င်းကို သေဆုံးလျက်တွေ့ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ချောက်မြို့မရဲစခန်းက သေမှုသေခင်းရေးဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးလျှက်ရှိသည်ဟု ယင်းစခန်းထံမှ သိရသည်။

R-24