News

POST TYPE

NEWS

ထိုင်းနိုင်ငံသားသုံးဦးထံမှ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
11-Feb-2019


ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၁၁

တာချီလိတ်မြို့တွင် ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းက ထိုင်းနိုင်ငံသားသုံးဦးထံမှ မူးယစ်ဆေးဝါးများနှင့် ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“မယ်ခေါင်ရပ်ကွက်က ရွှေမြေသာယာဈေးနားမှာ ပူးပေါင်းအဖွဲ့နဲ့ စစ်ဆေးရှာဖွေတော့ လမ်းလျှောက်လာတဲ့ ထိုင်းနိုင်ငံသားထံကနေ မူးယစ်ဆေးဝါးတွေ စဖမ်းမိတယ်။ သူငှားနေတဲ့အိမ်ကို ထပ်ရှာဖွေတော့ မူးယစ်ဆေးဝါးတွေနဲ့ ထုတ်လုပ်တဲ့ ဆက်စပ်ပစ္စည်းတွေ ထပ်တွေ့တဲ့အပြင် ဟိုတယ်မှာတည်းနေတဲ့ ကွင်းဆက်တရားခံ ထိုင်းအမျိုးသမီး နှစ်ဦးထံကနေ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲတယ်”ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံသား လက်ချာနွန်းဖေ့လောင်းထောင်း (၁၉ နှစ်) ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၁၈၅ ပြား၊ Ecstasy ဆေးပြား ၇၇၆ ပြားနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်း ၁၀ မျိုး ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံသူ Miss.Tidarut Lorprakansit (၂၄ နှစ်)နှင့် ဝမ်နာလီလော့ဖူ (၂၆ နှစ်) တို့နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ပြား၊ ICE ၅ ဂရမ်ခန့် ဖမ်းဆီးရမိခဲ့၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေများအရ သီးခြားစီ အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16