News

POST TYPE

NEWS

ပဲခူးတွင် ခရီးသည်တင်ယာဉ်က လမ်းဘေးထိုင်နေသူကို ဝင်တိုက်
11-Feb-2019
တောင်ငူ၊ ဖေဖော်ဝါရီ ၁၁

ပဲခူးမြို့နယ် ဥသာမြို့သစ် ရန်ကုန်-မန္တလေး လမ်းဟောင်း သာမဏေကျော်မုခ်ဦးရှေ့တွင် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၅ နာရီခွဲခန့်က ခရီးသည်တင်ယာဉ်တိုက်မိပြီး လမ်းဘေးထိုင်နေသူ အမျိးသားတစ်ဦး သေဆုံးခဲ့ကြောင်း ပဲခူးအမှတ် ၃ နယ်မြေရဲစခန်းထံမှ သိရှိရသည်။

ဘုန်းကြီးကျောင်းရှေ့တွင် ထိုင်နေသူမှာ ဦးဝင်းမြင့် (၆၂နှစ်) ဖြစ်ပြီး ဥသာမြို့သစ်တွင် နေထိုင်သူဖြစ်ကြောင်း၊ အောင်ထူးဆန်းယာဉ်လိုင်းမှ ဘားအံ-ရန်ကုန် ခရီးသည်တင် ဟိုင်းလတ်ယာဉ်က အရှိန်ဖြင့်တိုက်မိခဲ့ခြင်းဖြစ်ရာ နေရာ၌ပင် ဦးဝင်းမြင့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

ခရီးသည်တင်ယာဉ်မောင်းမှာ ထွက်ပြေးသွားသည်။ ပဲခူးမြို့နယ် အမှတ် ၃ နယ်မြေရဲစခန်းက အမှုနှင့်ပတ်သက်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က)၊ ၂၀၂ အရ အမှုဖွင့်ထားပြီး အမှုကို ဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်း ပဲခူးမြို့ အမှတ် ၃ နယ်မြေရဲစခန်းထံမှ သိရှိရသည်။

R-15




  • VIA