News

POST TYPE

NEWS

တရုတ်ပြည်တွင် အစာဖြတ်ခံထားရသည့် မြန်မာလုပ်သား ၄၄ ဦးပြန်လွတ်
22-Jan-2019
ရန်ကုန်၊ ဇန်နဝါရီ ၂၂ 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါက်ချန်းခရိုင် မုံရှိန်းမြို့ရှိ ကြံစိုက်ခင်းအတွင်း အစာရေစာအဖြတ်ခံထား ရသည့် မြန်မာလုပ်သား ၄၄ ဦး ဇန်နဝါရီ ၂၂ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း လွတ်မြောက်လာသူတစ်ဦးဖြစ်သည့် ဦးရဲအောင်က ပြောကြားသည်။

“ကျွန်တော်တို့လို ဘယ်သူမှမသွားစေချင်ဘူး။ မနေ့ကငါးနာရီလောက်ကစပြီး လမ်းလျှောက်လာကြတယ်။ နီးစပ်ရာရဲစခန်းကိုထွက်ပြေးလာတယ်။ ညက ၁၂ ခွဲမှ မြန်မာပြည်ထဲပြန်ရောက်ကြတယ်”ဟု ၎င်းကရှင်းပြသည်။

အဆိုပါအလုပ်သမား ၄၄ ဦးသည် လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းဘုန်ကြီးကျောင်း၌ တည်ခိုနေကြောင်းလည်း ဦးရဲအောင်က ဆက်လက်ပြောဆိုသည်။ 

အဆိုပါလုပ်သားများကို တရုတ်နိုင်ငံသို့ပို့ဆောင်ခဲ့သည် ကနီမြို့နယ် သရက်ပင်ကျေးရွာမှ ပွဲစားလင်မယားကို ဖမ်းဆီးစစ်ဆေးနေကြောင်း ယင်းမာပင်ခရိုင်လူငယ်ကိုယ်စားလှယ် ကိုဝင်းဇော်ခိုင် က ပြောကြားသည်။

ယင်းအပြင် တရုတ်နိုင်ငံမှအလုပ်ရှင်များကို အမှုဖွင့်အရေးယူပေးရန် တရုတ်နိုင်ငံမှ ရဲအရာရှိများနှင့် မုံရှိန်မြို့ရှိရဲစခန်းတွင် တွေ့ဆုံထားကြောင်းလည်း ၎င်းကပြောဆိုသည်။

ပြန်လည်လွတ်မြောက်လာသူများသည် စစ်ကိုင်းတိုင်း ကနီ၊ကလေးနှင့်မင်းကင်းမြို့နယ်တို့မှဖြစ်ပြီး တရုတ်နိုင်ငံ ကြံခုတ်လုပ်ငန်းတွင် လုပ်ကိုင်ရန်အတွက်သွားရောက်ခဲ့ခြင်းဖြစ်ကာ ယင်းတို့အနက်မှ ကိုဆန်းမြင့်အောင်ဆိုသူ ထွက်ပြေးလွတ်မြောက်လာရာမှ မြန်မာလုပ်သားများ အစာရေစာ အဖြတ်ခံထားရသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်။

J-18