News

POST TYPE

NEWS

ဘုရားကြီးတွင် ကားကို ဆိုင်ကယ်ဝင်တိုက်၍ ဆိုင်ကယ်မောင်းသူ သေဆုံး
22-Jan-2019
တောင်ငူ၊ ဇန်နဂါရီ ၂၂

ပဲခူးတိုင်း ပဲခူးမြို့နယ် ဘုရားကြီးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ဇန်နဝါရီ ၂၂ ရက် နံနက် ၂ နာရီခွဲခန့်က ရပ်ထားသည့် ဖောကားကို နောက်မှဆိုင်ကယ်ဖြင့် ဝင်တိုက်မိရာမှ ဆိုင်ကယ်သမား သေဆုံးခဲ့ကြောင်း ဘုရားကြီးနယ်မြေရဲစခန်းထံမှ သိရသည်။

ဘုရားကြီးမြို့တောင်ဘက်အထွက် မယင်းရွာနှင့် ရွှေတန်ရွာအကြားရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ပဲခူးမြို့ဘက်သို့ ဦးဇော်မင်းဦး (၃၄ နှစ်) မောင်းနှင်လာသည့် ဆိုင်ကယ်သည် လမ်းဘေးချရပ်ထားသည့် ဖောကားကို အရှိန်ဖြင့်ဝင်တိုက်မိပြီး အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့သည့်အတွက် ၎င်းကို ဘုရားကြီးနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-15




  • VIA