News

POST TYPE

NEWS

ကျိုင်းတုံ၌ တစ်ရက်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်၊ ကျောင်းသားတစ်ဦးနှင့် လူငယ်တစ်ဦးသေဆုံး
18-Jan-2019

ကျိုင်းတုံ၊ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်က ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ရာ ၆ တန်းကျောင်းသားတစ်ဦးနှင့် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ အမှတ် (၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ဇောအောင်က ပြောကြားသည်။

“ရာဘာခြံနားမှာတိုက်မိပြီး သေဆုံးသွားတဲ့လူငယ်က ဘာယာဉ်နဲ့တိုက်မိတယ်ဆိုတာ မသိသေးဘူး။ ၁၀ တန်းကျောင်းသား ဆိုင်ကယ်နောက်က စီးလာတဲ့ ၆ တန်း ကျောင်းသားလေးကတော့ ဆေးကုသရင်းကနေ ဒီနေ့ မနက်မှ ဆေးရုံမှာ ဆုံးသွားတာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါနေ့ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ကျိုင်းတုံ-မိုင်းလန်းလမ်း ဝမ်ဝိုးရွာအနီးတွင် အမည်မသိယာဉ်မှ တိုက်မိခဲ့၍ ဆိုင်ကယ်စီးနင်းသူ စိုင်းနွံလွတ် (၁၈ နှစ်)သေဆုံခဲ့ပြီး နံနက် ၉ နာရီခွဲခန့်တွင် ကျိုင်းတုံ-တာချီလိတ်လမ်း ပန်ဟုန်းရွာအနီးတွင် ၁၀ တန်းကျောင်းသား မောင်မောရှေ (၁၇ နှစ်)မောင်းနှင်ပြီး ၆ တန်းကျောင်းသား မောင်အားငယ်ရာ (၁၅ နှစ်) စီးနင်းလာသည့်ဆိုင်ကယ်မှ တစ်ဖက်ယာဉ်ကြောရှိ အိမ်စီးယာဉ်ကို ဝင်ရောက်တိုက်မိရာ နှစ်ဦးစလုံးဒဏ်ရာ ရရှိခဲ့၍ ကျိုင်းတုံဆေးရုံ၌ ဆေးကုသနေစဉ် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် မောင်အားငယ်ရာ သေဆုံးသွားခဲ့ရာ ၁၀ တန်းကျောင်းသားနှင့် အမည်မသိ ယာဉ်မောင်းတို့ကို မော်တော်ယာဉ် ဥပဒေများအရ အရေးယူထားကြောင်း ကျိုင်းတုံ မြို့မရဲစခန်းထံမှ သိရသည်။

R-16