News

POST TYPE

NEWS

ဒဂုံမြို့သစ်တောင်ပိုင်း ယောက်ကော်ပန်းခြံ၌ ဗိုလ်ချုပ်ကြေးရုပ်ထားမည်
13-Jan-2019
ရန်ကုန်၊ ဇန်နဝါရီ-၁၃

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၂၆ ရပ်ကွက်ရှိ ယောက်ကော်ပန်းခြံကို အများပြည်သူ အပန်းဖြေအနားယူနိုင်သည့် ပန်းခြံဖြစ်အောင် အဆင့်မြှင့်တင်မှုများပြုလုပ်နေပြီး မြို့နေဒေသခံများ၏ဆန္ဒအရ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရန်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနထံမှ သိရသည်။

အဆိုပါ ယောက်ကော်ပန်းခြံအတွင်း ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့်နေရာ၌ ရန်ကုန်မြို့တော်ဝန်က ဇန်နဝါရီ ၁၁ ရက်တွင် ပန္နက်ရိုက်ပေးခဲ့ပြီဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ်ကို မတ်လ ၂၇ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးညီညီက ပြောကြားသည်။

“အခုလာမယ့်အပတ်မှာ စလုပ်မယ်။ ဗိုလ်ချုပ်ကြေးရုပ်ကို နှစ်လပိုင်းမှာ စိုက်မယ်။ ကျွန်တော်တို့မိတ်တွေ သူငယ်ချင်းတွေစုပြီး ဒီဗိုလ်ချုပ်ကြေးရုပ် ကုန်ကျစရိတ် သိန်း ၁၃၀ လောက်နဲ့လုပ်တာပါ။ အပြင်မှာ အလှူခံပြီးလုပ်တာမဟုတ်ပါဘူး”ဟု ၎င်းကပြောဆိုသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၂၆ ရပ်ကွက်ရှိ ယောက်ကော်ပန်းခြံကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ရာ ယခုလက်ရှိတွင် အဆိုပါပန်းခြံကို ထိန်းသိမ်းရန်နှင့် ခြံစည်းရိုးများပြင်ဆင်ရန်သာ ကျန်ရှိတောကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။

“ဒီပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်ထားဖို့ မြေကွက်လပ်ချန်ထားပေးပါတယ်။ ပန်းခြံကို အဆင့်မြှင့်တင်ပြီးရင် ထိန်းသိမ်းတာတွေကတော့ ဆက်လုပ်ရမှာပါ”ဟု ၎င်းကပြောဆိုသည်။

J-10