News

POST TYPE

NEWS

11 -KV ဓာတ်အားလိုင်း တိုင်ထိန်းကြိုးနှင့် ထိမိ၍ နွားတစ်ကောင်သေဆုံး
11-Jan-2019

မိတ္ထီလာ၊ ဇန်နဝါရီ ၁၁ 

မိတ္ထီလာမြို့နယ် မြောက်လည်အုပ်စု ထိန်ကန်ကျးရွာအနီး ယာခင်းထဲ၌ ဇန်နဝါရီလ ( ၁၀) ရက် ညနေပိုင်းတွင် ဖလန်ကျင်း ဓာတ်အားခွဲရုံမှ ပို့လွှတ်သော 11-KV လိုင်း တိုင်ထိန်းကြိုးဖြင့်ထိမိပြီး နွားတစ်ကောင် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။ 

“ကြွေသီးတော့ မပါဘူး။ ယာတော အစွန်မှာဆိုတော့ ကျွန်တော်တို့လည်း ဖြစ်မှသိတာ။ ညနေသုံးနာရီ လောက်ကပါ။ ထိန်ကန်က ဦးကျော်လွင်သန်းရဲ့နွားပါ။ ခန့်မှန်းခြေ ဆယ်သိန်းလောက်တော့ တန်မယ်။ ကျွန်တော်တို့ မီးရတာမှ ၂၀၁၈ ကုန်ကာနီးမှ ရတာ။ သူတို့ဘက်က ဆွဲကြိုးတွေ ဘာတွေကို တိတိကျကျ လုပ်ပေးဖို့ လိုတယ်။ ကျွန်တော်တို့ဘက်ကတော့ သစ်ပင်တွေကို မထိအောင် ခုတ်ပေးထားပါတယ်။မနေ့က တာဝန်ရှိသူတွေ လာပြီးတော့ ကြည့်တယ်။ သူတို့ကတော့ ယာယီ ဆွဲကြိုးလို့ ပြောတာပဲ”ဟု မြောက်လယ်အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ပြောသည်။

အဆိုပါ ယာကွက်အနီးတွင် တောလမ်းရှိပြီး ကလေးသူငယ်များ နေ့စဉ်ကျောင်းသွား ကျောင်းပြန်ဖြတ်သွားကြောင်း၊ ကလေးသဘာဝအရ လမ်းသွားရင်း ဆော့ကစားကာ တိုင်ထိန်းကြိုးကို ကိုင်မိလျှင် အန္တရာယ်များကြောင်း၊ ထို့အပြင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ (၂၂) ရွာလုံးတွင် ထရန်စဖော်မာအိုးများမှာလည်း ခြံစည်းရိုး မခတ်ရသေးကြောင်း၊ ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာ အကြီးအကဲများက အမြန်ဆုံး ကွင်းဆင်းစစ်ဆေးသင့်ကြောင်း အဆိုပါနေရာသို့ ရောက်ရှိခဲ့သော ရပ်မိရပ်ဖတစ်ဦးက ပြောဆိုသည်။ 

R-01 

ဓာတ်ပုံ - ကိုမောင်မောင်