News

POST TYPE

NEWS

တောင်ကြီးတွင် ညဈေးတန်းဖွင့်မည်
10-Jan-2019

ကျိုင်းတုံ၊ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့ ရေးအေးကွင်းရပ်ကွက်တွင် ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ပုဂ္ဂလိက ညဈေးတန်းဖွင့်လှစ်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

“ပုဂ္ဂလိကညဈေးကို ဖွင့်လှစ်မယ့်အချိန်နေရာနဲ့ အစီအမံတွေကို စည်ပင်သာယာရေး ဝန်ကြီးကနေတစ်ဆင့် ကတ်ဘိနက်မှာတင်ပြထားတဲ့အတွက် ဖွင့်လှစ်ဖို့ ခွင့်ပြုထားတာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားသည်။

အဆိုပါပုဂ္ဂလိကညဈေးကို TGI Family Night Market မှ စီစဉ်ဖွင့်လှစ်ခြင်းဖြစ်ပြီး အပတ်စဉ် စနေနေ့ ညနေ ၅ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ညဈေးတွင် အခမဲ့ဖျော်ဖြေရေးများ ပါဝင်မည်ဖြစ်ကြောင်း ဒေသအစားအစာ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်စသည့် နိုင်ငံတကာ အစားအစာများနှင့် အဝတ်အထည်၊ လူသုံးကုန်ပစ္စည်းများ ရောင်းချမည်ဖြစ်ကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။

R-16