News

POST TYPE

NEWS

ရဲဘက်စခန်းမှ ထွက်ပြေးသည့် အကျဉ်းသားကို ပြန်ဖမ်းမိ
17-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

တိုက်ကြီးမြို့နယ်ရှိ အိုင်ကလောင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေး အတတ်သင်စခန်းအပိုင်ရှိ စပါးစိုက်ပျိုးရေးလုပ်ငန်းဘုတ်မှ ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားတစ်ဦးကို နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ အကျဉ်းသား (အသက် ၂၃ နှစ်) မင်းမင်းစိုးမှာ ခိုးမှုဖြင့် ပြစ်ဒဏ် ၉ လ ကျခံနေရသူဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက် နံနက် ၈ နာရီခွဲက အိုင်ကလောင်စခန်းနှင့် ၅ မိုင်ခန့်အကွာရှိ မင်းလှဝ စခန်းခွဲ၊ စပါးစိုက်ပျိုးရေးလုပ်ငန်းဘုတ်တွင် အလုပ်လုပ်နေချိန် ထွက်ပြေးလွတ်မြောက်သွားသဖြင့် အကျဉ်းဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက သုံးစုခွဲ၍ ပိတ်ဆို့ရှာဖွေခဲ့ရာ အခင်းဖြစ်နေ့ နံနက် ၁၀ နာရီခွဲ၌ ၎င်းကို မင်းလှဝကျေးရွာရှိ ငါးကန်ပေါင်အနီးတွင် ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

ရဲဘက်စခန်းမှ ထွက်ပြေးသူ မင်းမင်းစိုးမှာ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက ခိုးမှုပုဒ်မဖြင့် ပြစ်ဒဏ်ကျခံစေရန် ယခုနှစ်အတွင်း အမိန့်ချမှတ်ထားသူဖြစ်ပြီး ၎င်းကို ကတိုင်စိန်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03