News

POST TYPE

NEWS

အမျိုးသမီးနှစ်ဦးကို တူမီးသေနတ်ဖြင့် ပစ်ခတ်သည့် လူငယ်နှစ်ဦးကိုဖမ်းမိ
09-Dec-2018


ပြည်၊ ဒီဇင်ဘာ ၉

ပန်းတောင်းမြို့နယ်အတွင်း အမျိုးသမီးနှစ်ဦးကို တူမီးသေနတ်ဖြင့်ပစ်ခတ်ပြီး ထွက်ပြေးသွားသူနှစ်ဦးကို ၁၂ နာရီအတွင်း ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ရဲမှူးကျော်ဆန်းက ပြောကြားသည်။

သေနတ်သမားနှစ်ဦးမှာ ပြည်မြို့ လက်ခုပ်ပင်ရွာနေ သီဟစိုး(၁၈ နှစ်)နှင့် ကျီးပင်ရွာနေ ဝင်းကိုအောင် (၁၇ နှစ်)တို့ဖြစ်သည်။ ၎င်းတို့ကို ပန်းတောင်းမြို့နယ် ရွာသစ်ကုန်းရွာတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

သီဟစိုးက တူမီးသေနတ် ယူလာသည်။ ဝင်းကိုအောင်က အမျိုးသမီးနှစ်ဦးကို သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်သည်။ ငွေပြတ်၍လုရာမှ ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ပန်းတောင်းမြို့နယ် ရဲမှူးက ရှင်းပြသည်။

“ကံမဘက်​က​နေ ​မောင်းလာတဲ့နှစ်​​ယောက်​ကို ​သေနတ်​နဲ့ချိန်​ပြီး ဆိုင်​ကယ်​ရပ်​ခိုင်းတယ်​။ မရပ်​​ဘဲ မောင်း​ပြေး​တော့ ​နောက်​က​နေလိုက်​ပြီး ​ကျော်​တက်​ပြီး ပစ်​တယ်​လို့သိရတယ်​”ဟု ရဲမှူးက ပြောသည်။

သီဟစိုးသည် ယခင်က လက်နက်မှုဖြင့် အဖမ်းခံဖူးပြီး တရားရုံးမှ ပြန်လွတ်လာခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦး စီးသည့်ဆိုင်ကယ်သည်လည်း ခိုးထားခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးကို ပုဒ်မ ၃၀၇ ဖြင့် ရဲက အမှုဖွင့်ထားသည်။ 

M-06