News

POST TYPE

NEWS

ဘူးသီးတောင်တွင် မိုင်းပေါက်ကွဲ၍ လူနှစ်ဦးသေဆုံး
07-Dec-2018

စစ်တွေ ဒီဇင်ဘာ ၇

ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက် (ဘင်္ဂါလီ) ကျေးရွာအနီးတွင် ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက မိုင်းတစ်လုံးပေါက်ကွဲ၍ နှစ်ဦးသေဆုံးသွားကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ကျော်မင်းထွန်းက ပြောကြားသည်။ 

“မိုင်းကတော့ ရီမုကွန်ထရိုးနဲ့ဖြစ်တယ်။ အခြားမပေါက်သေးတဲ့ မိုင်းတွေတော့ မတွေ့သေးဘူး။ ဆက်ပစ္စည်းတွေပဲတွေ့တယ်။ အခုတော့ စစ်ဆေးနေတုန်းဖြစ်တယ်”ဟု ၄င်းက ပြောသည်။

သေဆုံးသွားသူနှစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း၊ အနီးပတ်ဝန်းကျင်တွင် ဆိုင်ကယ်တစ်စီး၊ ဖုန်း၊ ဝါယာကြိုးတို့ကိုတွေ့ရှိကြောင်း မြို့နယ်အုပ်ချူပ်ရေးမှူးက ပြောသည်။

ထိုသို့ မိုင်းပေါက်ကွဲသွားသည့်အနီးဝန်းကျင်တွင် ရဲကင်းစခန်းများနှင့် တပ်ရင်းတစ်ခုလည်းရှိကြောင်း ၃၁ ဘုံကျေးရွာသားတစ်ဦးက ပြောသည်။

“ညနေကတော့ ပေါက်ကွဲသံကြားလိုက်တယ်။ ဒီဒေသမှာက အမြဲလိုလို သေနတ်ဖောက်သံတွေ ကြားနေရတော့ သိပ်အလေးမထားမိဘူး။ ရွာကလူတွေ ပြောတာကတော့ လမ်းမှာသေနေတာတွေ့တယ်။ ဆိုင်ကယ်မှောက်လို့ သေတယ်လို့ထင်ကြတယ်လို့ပြောတယ်”ဟု ၄င်းက ဆိုသည်။

R-22