News

POST TYPE

NEWS

ရေနံချောင်းတွင် ရဟန်းတစ်ပါး လှည်းဘီးပျားအတုပ်ခံရ၍ ပျံလွန်တော်မူ
07-Dec-2018

ချောက်၊ ဒီဇင်ဘာ ၇

ရေနံချောင်းမြို့ ရွှေကြာငုံရပ်ရှိ မဲထီးကျောင်းမှ သက်တော် ၇၀ ကျော်ခန့်ရှိ ရဟန်းတစ်ပါး လှည်းဘီးပျား (အာဖရိကပျားဟုလည်းဆိုကြသည်) အတုပ်ခံရ၍ ဆေးရုံတက် ဆေးကုသမှုခံယူခဲ့သော်လည်း ဒီဇင်ဘာ ၆ ရက် ညပိုင်းက ပျံလွန်တော်မူသွားကြောင်း ဒါယကာတစ်ဦးဖြစ်သူ ဦးအောင်ကျော်ဦးက ပြောကြားသည်။

ပျံလွန်တော်မူသွားသည့် ဆရာတော်ဦးကေလာသသည် ဒီဇင်ဘာ ၅ ရက် နံနက် ၈ နာရီခန့်က ဖောင်ကတောရွာသို့ ဆွမ်းဘုဉ်းပေးရန် ပင့်လျှောက်ခံရသဖြင့်ကြွသွားစဉ် ယင်းရွာအနီး ထန်းတောအတွင်း၌ လှည်းဘီးပျားအတုပ်ခံရခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော် ဆေးရုံကိုရောက်တော့ ဆရာတော်က အရမ်းတုန်နေတာပဲ။ ရေအရမ်းဆာနေတယ်ထင်တယ်။ ရေသာ အတင်းသောက်နေတယ်။ ဆရာတော် ခန္ဓာကိုယ်အနှံ့ ပျားတုပ်ဒဏ်ရာတွေကြီးပဲ။ ဖုရောင်နေတာပဲ။ မျက်ခွံတွေဆိုဖုရောင်နေတယ်။ ကျွန်တော်အထင်တော့ မျက်လုံးက သွေးတွေထွက်နေတယ် ထင်မိတယ်”ဟု ဦးအောင်ကျော်ဦးက ပြောသည်။

ယင်းရွာ ဒေသခံအမျိုးသမီးက '“တစ်​ကိုယ်​လုးံပဲ အတုပ်​ခံရတာ။ ဆရာ​တော်​နားကိုဘယ်​သူမှ မကပ်​ရဲကြဘူး။ ကျွန်မက အ​နွေးထည်​ကလည်း အထူကြီးဝတ်​ထားတာ။ ခေါင်းလည်း အဝတ်​ခြုံပြီး လက်တစ်​ဖက်​ကအဝတ်​နဲ့ရမ်းပြီး ဆရာ​တော်​ကို ဇွတ်​​ဆွဲ​ခေါ်ထုတ်​လာရတယ်​”ဟု ​ပြောကြားသည်​။

R-24