POST TYPE
NEWS
YBS ၇၂ ဂိတ်တွင် ယာဉ်မောင်းတစ်ဦး ကားတံခါးညပ် သေဆုံး
06-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၅
သာကေတမြို့နယ်၊ ရှုခင်းသာလမ်း ရှိ YBS (၇၂) ယာယီဂိတ်တွင် ဒီဇင်ဘာလ ၄ ရက် မွန်းလွဲပိုင်းက ယာဉ်မောင်း အမျိုးသားတစ်ဦး ကားတံခါးညပ်၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
သေဆုံးသူ အသက် ၃၀ နှစ် ယာဉ်မောင်းအမျိုးသားမှာ ၎င်းမောင်းနှင်သည့် YBS (၇၂) ယာဉ်၏ အရှေ့တံခါးပေါက် အတက်အဆင်း ကားတံခါးကြားတွင် လည်ပင်းညပ်နေသည်ကို ဂိတ်ရှိ ယာဉ်မောင်းတစ်ဦးက စတင်မြင်တွေ့ခဲ့ကြောင်း ရဲအရာရှိက ပြောသည်။
“သေဆုံးသူ ယာဉ်မောင်းရဲ့ကားက အလှည့်ကျချိန်မှာ ဂိတ်က မထွက်လို့ ဂိတ်မှူးက ကားသမားတစ်ယောက်ကို သွားကြည့်ခိုင်းခဲ့တယ်။ သွားကြည့်တဲ့ ကားသမားက သေဆုံးသူ ကားတံခါးကြားမှာ လည်ပင်းညပ်နေတာကို မြင်တွေ့တော့ အော်ဟစ် အကူအညီတောင်းပြီး ယာဉ်မောင်းတွေက ကားတံခါးကို အမြန်ဖွင့်နိုင်အောင် ဝိုင်းကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အသက်မမီလိုက်ဘူး။ သေဆုံးသူက ခန္ဓာကိုယ်က ကားထဲမှာ။ ခေါင်းက အပြင်ထွက်နေပြီး တံခါးကြားမှာ လည်ပင်းညပ်နေတာ”ဟု ရဲအရာရှိက ရှင်းပြသည်။
ယာဉ်အရှေ့ အတက်အဆင်းတံခါး ကြားညပ်ပြီး သေဆုံးခဲ့သည့် YBS(၇၂) ယာဉ်မောင်း၏ ရုပ်အလောင်းကို အရှေ့ ပိုင်းခရိုင်ဆေးရုံသို့ပို့အပ်ပြီး သာကေတ မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
S-03
- VIA
- Voice Admin
- SOURCES
- The Voice
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
15-Feb-2019