POST TYPE

NEWS

မတ်ပဲနှင့် ပဲစင်းငုံဈေး ပြန်တက်
24-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၂၄

အိန္ဒိယသို့ တရားဝင်ပြန်ပို့ခွင့်ရတော့မည်ဆိုသည့် သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများ ပြန်လည်မြင့်တက်ကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။

ယင်းပဲဈေးကွက်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းကထက် မတ်ပဲ(FAQ)တစ်တန်လျှင် ကျပ်သုံးသောင်းကျော်၊ မတ်ပဲ(SQ)တစ်တန်လျှင် ကျပ် နှစ်သောင်းခွဲနီးပါးနှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ခြောက်သောင်းခွဲနီးပါး ကျဆင်းကြောင်း ယင်းပဲဈေးကွက်အတွင်းမှ သိရသည်။

“ပဲဈေးက မငြိမ်ဘူး။ အတက်အကျများနေတယ်။ မှန်းရခက်တယ်”ဟု ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ ပဲကုန်သည်တစ်ဦးက ပြောဆိုသည်။

လတ်တလော အိန္ဒိယအစိုးရက မြန်မာနိုင်ငံဘက်မှ ပဲဝယ်ယူခွင့် ရပ်ဆိုင်းလိုက်ပြီဖြစ်သော်လည်း ယင်းနိုင်ငံကုန်သည်များသည် အထူး ကုန်စည်ဝယ်ယူခွင့်ဖြင့် မြန်မာ့ပဲကို ပုံမှန်ဝယ်ယူနေဆဲဖြစ်ပြီး တရားဝင် ပြန်လည်ပို့ခွင့်ရမည်ဆိုပါက ဝယ်ယူမှု ပိုမိုအားကောင်းလာနိုင်ကြောင်း ပဲကုန်သည်များက ဆိုသည်။

လက်ရှိ ပဲဈေးကွက်အတွင်း မတ်ပဲ(FAQ)တစ်တန်လျှင် ကျပ် ၈၈၃,၀၀၀၊ မတ်ပဲ(SQ)တစ်တန်လျှင် ကျပ် ၁,၁၁၈,၀၀၀ နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၇၉၄,၅၀၀ ဈေးရှိကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။

S-04