News

POST TYPE

NEWS

၀ငခှှင့မှရသေးသည့ကှှောငှးသား ၂၁၀ ကှောှ တကကှသိုလှ ၁၁ ခုသို့ ထပလှှှောကနှိုငမှညှ
21-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၂၀

ဦးစားပေး တက္ကသိုလ်တစ်ခုတည်းကိုသာ လျှောက်၍ ဝင်ခွင့်မရသေးဘဲဖြစ်နေသည့် ကျောင်းသား ၂၁၀ ကျော်အနေနှင့် တိုက်ရိုက်ခေါ်သည့် တက္ကသိုလ် ၁၁ ခု သို့ ထပ်မံ လျှောက်နိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရှိရသည်။

ကျောင်းသား ၂၁၀ ကျော်သည် ဆယ်တန်းစာမေးပွဲရမှတ် ၄၅၀ ကျော်မှ ၅၁၀ ကျော်အထိ ရထားသူများဖြစ်သည်။ သို့သော် ဦးစားပေးတစ်ခုတည်းကိုသာလျှောက်၍ ထိုဦးစားပေးတွင်ကျန်နေပြီး ယခုထိ ဝင်ခွင့်မရသေးဘဲ ဖြစ်နေခြင်းဖြစ်သည်။

ဆေးကျောင်းနှင့်တိုက်ရိုက်ခေါ်သည့် တက္ကသိုလ် ၁၁ ခုက တက္ကသိုလ် ၃ ခုထိ လျှောက်ထားခွင့်ပြုခဲ့သည်။ ယခုနှစ်တွင် တက္ကသိုလ် ၁၁ ခုက တိုက်ရိုက်ဝင်ခွင့်ခေါ်ခဲ့ပြီး ဝင်ခွင့်ရသူစာရင်းများကို စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဝင်ခွင့်စဉ်းစားပေးနိုင်ရန် တက္ကသိုလ်အသီးသီးသို့ ကျောင်းသား ၂၁၁ ဦးစာရင်း ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် ဝင်ခွင့်ပေး၊ မပေးကမူ သက်ဆိုင်ရာကျောင်း၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ယင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းဝင်းက ပြောကြားသည်။

တိုက်ရိုက်ဝင်ခွင့်ခေါ်သည့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်အနေနှင့် နောက်ထပ်ကျောင်းသားဦးရေ ၁၈၀ ဦးမှ ၂၀၀ ကြားအထိ ထပ်မံလက်ခံနိုင်ကြောင်း ယင်းတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာကြည်ရွှင်က ပြောကြားသည်။

ကျောင်းသားများအနေနှင့် မိမိတို့ လျှောက်လိုသည့်တက္ကသိုလ်သို့ သွားရောက်ပြီး လျှောက်ထားရမည့်ရက်နှင့် လုပ်ငန်းစဉ်ကို တိုက်ရိုက် မေးမြန်းနိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရှိရသည်။

အကယ်၍ ကျောင်းသားများအနေနှင့် တိုက်ရိုက်ဝင်ခွင့်ခေါ်သည့် တက္ကသိုလ်များတွင် ဝင်ခွင့်မရပါက နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များကို ထပ်မံလျှောက်ထားနိုင်ကြောင်း ဒေါက်တာသန်းသန်းဝင်းက ပြောကြားသည်။

တိုက်ရိုက်ဝင်ခွင့်ခေါ်သည့် တက္ကသိုလ်များတွင် ထပ်မံလျှောက်ထားပြီး ဝင်ခွင့်မရသူများသည် တက္ကသိုလ်များ ကျောင်းအပ်လက်ခံသည့် နောက်ဆုံးနေ့အထိ ကမာရွတ်မြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ) သို့ လျှောက်ထားနိုင်မည်ဖြစ်သည်။ 

J-19