News

POST TYPE

NEWS

နဝမတန်းကျောင်းသူ ပဲခူးမြစ်ထဲခုန်ချကာ သေကြောင်းကြံ
20-Nov-2018


တောင်ငူ၊ နိုဝင်ဘာ ၂၀

အသက် ၁၆နှစ်ခန့်အရွယ် နဝမတန်းကျောင်းသူတစ်ဦး ယနေ့ (နိုဝင်ဘာ ၂၀ ရက်) နံနက်ပိုင်းက ပဲခူးမြို့လယ်ခေါင် ပဲခူးမြစ်ကူးတံတားအနီး မြစ်ကမ်းနံဘေးမှ မြစ်ထဲသို့ ခုန်ချကာ သေကြောင်းကြံခဲ့ကြောင်း ပဲခူးအမှတ် ၂ နယ်မြေရဲစခန်းထံမှ သိရှိရသည်။

ကျောင်းသူသည် အထက(၄) ပဲခူးမှ နဝမတန်းကျောင်းသူ မတင်ဇာလီဆိုသူဖြစ်ပြီး ဇိုင်းမြောက်ရပ်တွင် နေထိုင်သူဖြစ်သည်။ မြစ်ထဲသို့ ခုန်ချခဲ့သောကြောင့် ယနေ့ မွန်းလွဲပိုင်းအထိ ရှာဖွေနေဆဲဖြစ်ကြောင်း ယင်းရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် အဆိုပါကျောင်းသူကို မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်တွင် ရေငုပ်နေသည့် လူငယ်နှစ်ဦးက ခုန်ချ၍ ရေထဲကျသည့်နေရာ၌ပင် ရှာတွေ့ခဲ့ပြီး အသက်ပါမလာတော့ကြောင်း အခင်းဖြစ်နေရာကိုရောက်ခဲ့သူ ပဲခူးဒေသခံ ကိုလေးနိုင်က ပြောသည်။

R-15