News

POST TYPE

NEWS

အသက် ၂၅ နှစ်အောက် လူငယ်များအတွက် နည်းပညာပြိုင်ပွဲ ပြုလုပ်မည်
18-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၇

နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ အစိုးရတက္ကသိုလ်အားလုံးနှင့် ပြင်ပပုဂ္ဂလိကတက္ကသိုလ်များမှ ကျောင်းသူ၊ ကျောင်းသားအားလုံးပါဝင်နိုင်သည့် နည်းပညာပြိုင်ပွဲ University Robotic Competition in Myanmar ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းချုပ်ထံမှ သိရသည်။

ပြိုင်ပွဲကို အသက် ၂၅ ထက်မကြီးသော Robot နည်းပညာစိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများပါဝင်နိုင်မည်ဖြစ်ကာ သုံးဦးတစ်ဖွဲ့ လျှောက်ထားရမည်ဖြစ်သည်။ လျှောက်ထားလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်းသို့ဖြစ်စေ၊ [email protected] နှင့် [email protected] သို့ဖြစ်စေ နိုဝင်ဘာလ ၂၀ ရက်နောက်ဆုံး လျှောက်လွှာပေးရမည်ဖြစ်သည်။

ပြိုင်ပွဲကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Asia Pacific Tele community နှင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းချုပ်တို့ ဦးဆောင်၍ ဒီဇင်ဘာလ ၂၂ ရက် (စနေနေ့) တွင် ရန်ကုန်မြို့၊ MICT Park ၌ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ပြုလုပ်မည်ဖြစ်သည်။