POST TYPE
NEWS
အားကောင်းလွန်းသော ကယ်လီဖိုးနီးယားတောမီးကြောင့် ပျောက်ဆုံးသူပေါင်း ထောင်ကျော်ပြီ
18-Nov-2018
စခရမ်မန်တို၊ နိုဝင်ဘာ ၁၇
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ မျက်နှာစာသုံးခုနဲ့ အားကောင်းမောင်းသန် လောင်ကျွမ်းနေတဲ့ တောမီးကြီးကြောင့် သေဆုံးသူ ၇၁ ဦး ရှိပြီဖြစ်ကာ လူထောင်ကျော်ပျောက်ဆုံး လျက်ရှိကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။
လူဦးရေ နှစ်သောင်းခုနစ်ထောင် ကျော်နေထိုင်သည့် ပါရာဒိုက်စ်ဆိုသော မြို့ကလေးတွင် မီးလောင်အားပြင်းထန်ခဲ့ ပြီး အတော်များများထိခိုက်ခဲ့သည်။
မီးလောင်သွားသည့် ဧရိယာသည် နောက်ဆုံးသတင်းရချိန်အထိ ဟက်တာ ငါးသောင်းခုနစ်ထောင်အထိ ရှိသွားပြီ ဖြစ်သည်။
လူအထိအခိုက်တင်သာမက ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းတွင် အပျက် အစီးတန်ဖိုး စံချိန်တင်သွားသော တောမီးလည်းဖြစ်သည်။
လူဦးရေများစွာအတွက် ကာလရှည် ခိုလှုံရာနေရာ ဖန်တီးပေးရမည့် စိန်ခေါ်မှုများလည်း ရှိနေပေသည်။
နေအိမ်ပေါင်း တစ်သောင်းနှစ် ထောင်ကျော် မီးထဲပါသွားခဲ့ပြီးနောက် ဒုက္ခသည်များသည် မိတ်ဆွေများ၊ အမျိုးများအိမ်တွင် လာရောက်နေထိုင်နေ ကြသည်။ အချို့က မော်တော်ကားများတွင် ယာယီတဲများထိုးပြီး နေထိုင်နေကြသည်။
ဘုရားကျောင်းများ၊ ကျောင်းများနှင့် ရပ်ရွာစင်တာများတွင် ယာယီဒုက္ခသည် စခန်း ၁၄ ခု တည်ဆောက်ထားပြီး တိမ်း ရှောင်သူ ၁၁၀၀ ဦးကျော် ရှိနေသည်ဟုအမေရိကန်ကြက်ခြေနီအဖွဲ့ ပြောခွင့်ရ အရာရှိဂရီတာဂူစတတ်ဆွန်က ပြောကြားသည်။
ဒေသတွင်းရှိ နောက်ထပ် လူဦးရေလေးသောင်းခုနှစ်ထောင်ကျော်ကိုလည်း တိမ်းရှောင်ရန်အတွက် အာဏာပိုင်များက ပြောကြားထားသည်။
မီးလောင်သွားသော ရပ်ရွာများအကြားတွင် ရှာဖွေရေးအဖွဲ့များက ကွယ်လွန်သူများ၏ ရုပ်အလောင်းများကို လိုက်လံရှာဖွေနေပြီး အချို့က မိမိဆွေမျိုးသားချင်းမှန်းသိစေရန်အတွက် DNA စစ်ဆေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြသည်။
ပျောက်နေသူများအတွက် မိသားစုများက လာရောက်သတင်းပေးထားသဖြင့် ပျောက်ဆုံးသူဦးရေမှာ ၁၀၁၁ ဦးရှိသွားပြီ ဖြစ်သည်။
S-03
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
15-Feb-2019