News

POST TYPE

NEWS

ရန်ကုန်မြစ်ဝတွင် စစ်တွေဒုက္ခသည်စခန်းမှ စက်လှေဖြင့် ထွက်ပြေးလာသည့် ဘင်္ဂါလီ ၁၀၀ ကျော် ဖမ်းမိ
16-Nov-2018



ရန်ကုန်၊ နိုဝင်ဘာ ၁၆ 

ရန်ကုန်မြစ်ဝတွင် နိုဝင်ဘာလ ၁၆ ရက် နံနက် ၄ နာရီက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နာဇီဒုက္ခသည်စခန်းမှ စက်လှေဖြင့်ထွက်ပြေးလာသော ဘင်္ဂါလီ ၁၀၀ ဦးကျော်ကို ဖမ်းဆီးရမိခဲ့သည်။

စက်လှေပေါ်ပါ ဘင်္ဂါလီအမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၃၁ ဦးနှင့် ကလေး ၂၅ ဦး စုစုပေါင်း ၁၀၆ ဦးမှာ စစ်တွေမြို့ရှိ နာဇီဒုက္ခသည်စခန်းမှ စက်လှေဖြင့်ထွက်လာပြီး ထိုင်းနိုင်ငံသို့ သွားရောက်စဉ် လမ်းကြောင်းမှားရာမှ ရန်ကုန်မြစ်ဝသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါ ဘင်္ဂါလီများမှာ လွန်ခဲ့သည့် ၂၅ ရက်ခန့်က စစ်တွေမြို့ရှိ နာဇီဒုက္ခသည်စခန်းမှ ထွက်လာပြီး စက်လှေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်စဉ် လမ်းခုလတ်တွင် ရေတပ်နှင့် သုံးကြိမ်တွေ့ဆုံခဲ့ပြီး မိမိနေရပ်သို့ ပြန်ခိုင်းသဖြင့် လှည့်ပြန်ရာမှ လမ်းကြောင်းမှားကာ ရန်ကုန်မြစ်ဝသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

S-03