News

POST TYPE

NEWS

မြောက်ဥက္ကလာပတွင် လူသတ်မှုဖြစ်
14-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက် ခေမာ ၄ လမ်းတွင် အသက် ၅၅ နှစ်အရွယ် အမျိုးသားကို ၎င်း၏ ယောက်ဖတော်စပ်သူက ဓားရှည်ဖြင့် ထိုးခုတ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသတ်ခံရသူ ဦးဝင်းလှိုင်မှာ နိုဝင်ဘာလ ၁၂ ရက် ညနေပိုင်းက ခေမာ (၄) လမ်းရှိ နေအိမ်တွင် ရှိနေစဉ် တစ်လမ်းတည်းတွင်နေထိုင်သော ၎င်း၏ယောက်ဖဖြစ်သူ အသက် ၁၉ နှစ် အောင်ကိုဌေး (ခ) စောဌေးက ဓားရှည်ဖြင့် ထိုးခုတ်သတ်ခဲ့ကြောင်း ရဲအရာရှိက ပြောသည်။ 

“သေဆုံးသူက ဝက်ဒိုင်မှာ အလုပ်လုပ်တယ်။ အခင်းဖြစ်နေ့က သူ့အိမ်မှာ အိပ်နေချိန် ယောက်ဖဖြစ်သူက ဓားရှည်နဲ့ လာခုတ်သတ်တာ။ စစ်ဆေးပေါ်ပေါက်ချက်အရဆို လူသတ်မှုကျူးလွန်ခဲ့သူက သူ့အစ်မကို သေဆုံးသူက အမြဲရိုက်နှက်နေတာကြောင့် မကျေနပ်လို့ အခုလို ဓားနဲ့ထိုးခုတ်ခဲ့တာလို့ သိရတယ်” ဟု ရဲအရာရှိက ပြောသည်။

ဓားရှည်ဖြင့် ခုတ်ခံရသူ ဦးဝင်းလှိုင်မှာ ရင်အုံထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ကျောကုန်းတွင် ထိုးသွင်းဒဏ်ရာ ခုနစ်ချက်၊ ခါးနှင့် ဘယ်ဘက်နံစောင်းတွင် ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့သောကြောင့် ပြစ်မှုကျူးလွန်သူ အောင်ကိုဌေး (ခ) စောဌေးကို ဖမ်းဆီးကာ ဝေဘာဂီနယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်။

S-03