News

POST TYPE

NEWS

ကလေးအပါအဝင် မြို့သုံးမြို့၌ မြေငလျင်တိုင်းစက်များ တပ်မည်
13-Nov-2018

ကလေး၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး ခရိုင်အတွင်းရှိ မြို့နယ်သုံးမြို့နယ်တွင် မြေငလျင်တိုင်းတာစက်ကိုးလုံးကို တပ်ဆင်သွားမည်ဖြစ်ကြောင်း ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးတင်စိုးက ပြောကြား သည်။

အဆိုပါမြို့နယ်များ၌ ယခုအခါမြေ ငလျင်တိုင်းတာစက်များတပ်ဆင်မှုကို စတင်ဆောင်ရွက်နေပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ အပြီးတပ်ဆင်မည်ဖြစ်သည်။ 

မြေငလျင်တိုင်းတာစက်တပ်ဆင် မည့်နေရာများအဖြစ် ကလေးမြို့နယ်တွင် ဆည်တော်ဦး၊ ကျီကုန်း၊ ဆည်တောကျေး ရွာ၊ ကလေးဝမြို့နယ်တွင် ကလေးဝမြို့ပေါ်၊ သစ်ချောက်၊ တောင်ကြီး၊ ရွှေချောင်းဆုံ၊ သက္ကယ်ကျင်းရွာနှင့် မင်းကင်းမြို့နယ်တွင် ပျဉ်းကိုင်းရွာတို့၌ တပ်ဆင်မည်ဖြစ် ကြောင်း ဦးတင်စိုးက ရှင်းပြပြောဆိုသည်။

“မြေငလျင်လှုပ်လို့ ရှိရင် မှတ်တမ်းတွေ တိတိကျကျနဲ့ မှန်မှန်ကန်ကန် အနီး စပ်ဆုံးရနိုင်အောင်ရယ်။မြေငလျင်မှာတော့ ကြိုတင်သိတာမျိုး မရှိဘူး။ လှုပ်လာလို့ ရှိရင် ဘယ်ပြတ်ရွေ့ကနေ ဘယ် လောက်အတိုင်းအတာနဲ့လှုပ်တယ်ဆိုတာမျိုး တိုင်းတာ” ဟု ၎င်းကဆိုသည်။ 

ကလေးခရိုင်အတွင်း မြို့နယ်များ၌ မြေငလျင်တိုင်းတာစက်များတပ်ဆင်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ ကလည်း မြန်မာ- အိန္ဒိယနယ်စပ်အနီးဗဟို ပြု၍ အင်အားရစ်(ခ်)တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။

R-20