News

POST TYPE

NEWS

နာရေးအိမ်တွင် လူသတ်မှုဖြစ်
09-Nov-2018

တောင်ငူ၊ နိုဝင်ဘာ ၉

ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ ဆိုးပုံကွင်းရွာ နာရေးတစ်ခုတွင် မနေ့ည ၈ နာရီခွဲခန့်က တစ်ရွာတည်းနေအမျိုးသားနှစ်ဦး အလုပ်ဝိုင်းကူလုပ်ကြရင်း စပါးခြွေလှေ့စက်ငှားရမ်းသည့်ကိစ္စစကားများရာမှ လူသတ်မှုဖြစ်ခဲ့သည်။

ကိုနေဝင်းနိုင် (၃၁) နှင့် ကိုလင်းလင်း (ခ) ဇေယျာလင်း (၃၄ နှစ်) တို့ စကားများရာ ကိုနေဝင်းနိုင်က အိမ်ပြန်ကာ အရိုး၊ အသွား ၁၃ လက်မရှိ ဓားဦးချွန်တစ်ချောင်းယူလာပြီး ကိုလင်းလင်း၏ ညာဘက်ချိုင်း (ဂျိုင်း) အောက်ကို ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု ကညွတ်ကွင်းနယ်မြေရဲစခန်းထံမှ သိရှိရသည်။

ကိုနေဝင်းနိုင်ကို ကညွတ်ကွင်းရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။

R-15