News

POST TYPE

NEWS

GAS ဖြည့်ရာမှ မီးလောင်၊ သုံးဦးဒဏ်ရာရ
08-Nov-2018


ကျိုင်းတုံ၊ နိုဝင်ဘာ ၈

တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ GAS ဆိုင်တစ်ခုတွင် ယနေ့ (နိုဝင်ဘာ ၈ ရက်) နံနက် ၇ နာရီခွဲခန့်က GAS ဖြည့်ရာမှ မီးလောင်မှုဖြစ်ပွားပြီး သုံးဦးမီးလောင်ကျွမ်းခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဂက်စ်အိုးကြီးကနေ အိုးသေးထဲ ပြောင်းထည့်ချိန်မှာ ယိုစိမ့်မှုဖြစ်ပြီး လျှပ်စစ်မော်တာ မီးပွားကနေ မိနစ်ပိုင်းလေး မီးလောင်မှုဖြစ်ခဲ့တာပါ။ အလုပ်သမားသုံးဦးတော့ မီးလောင်ဒဏ်ရာရသွားပေမယ့် မစိုးရိမ်ရဘူးလို့ သိရတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် သားငယ် (ခ) သောင်းထွန်း (၂၀ နှစ်)သည် ဝဲ၊ ယာ လက်နှစ်ဖက် မီးလောင်ကျွမ်းဒဏ်ရာ၊ အောင်ကျော်မိုး (၂၂ နှစ်) သည် ဝဲ၊ယာလက်နှစ်ဖက် မီးလောင်ကျွမ်းဒဏ်ရာနှင့် တင်လင်းထွန်း (၂၃ နှစ်)သည် ယာလက်မီးလောင်ကျွမ်းဒဏ်ရာတို့ ရရှိခဲ့၍ ယင်းစက်ရုံတာဝန်ရှိသူကို အရေးယူရန် စစ်ဆေးနေကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16