News

POST TYPE

NEWS

တောင်ကြီးတန်ဆောင်တိုင်တွင်တည်းခိုရန် ရွက်ဖျင်တဲ ၂၅ လုံးဖြင့် ဝန်ဆောင်မှုပေးမည်
06-Nov-2018


မန္တလေး၊ နိုဝင်ဘာ ၅

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သို့လာရောက်သည့် ပြည်တွင်းပြည်ပမှ ဧည့်သည်များ ပွဲတော်ရက်အတွင်း တည်းခိုနိုင်မည့် ရွက်ဖျင်တဲ (Camping Tent) ၂၅ လုံးဖြင့် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း Sweet Seasons Camping Ground Taunggyi အစီအစဉ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးစည်သူက ပြောကြားသည်။

အဆိုပါ အစီအစဉ်ကို ယမန်နှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်ဈေးနှုန်းအောက် ထက်ဝက်လျှော့ချထားကြောင်း ၎င်းကပြောဆိုသည်။

“ပွဲတော်လာဧည့်သည်တွေအနေနဲ့ ပွဲတော်နဲ့နီးနီးနားနားမှာ တည်းခိုနိုင်အောင် စီစဉ်ထားတာ။ Camping အတွေ့အကြုံ ပေးချင်တဲ့အတွက် ဈေးကိုလည်း ထက်ဝက်လျှော့ချလိုက်တာ”ဟု ဦးစည်သူက ရှင်းပြသည်။

ယခုနှစ် ရွက်ဖျင်တဲတည်းခိုခနှုန်းထားများအဖြစ် နိုဝင်ဘာ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ နှစ်ယောက်အိပ်ရွက်ဖျင် တဲတစ်လုံးလျှင် ပြည်တွင်းခရီးသွားများအတွက် တစ်ရက် ၃၀,၀၀၀ ကျပ်၊ နိုင်ငံခြားသားများအတွက် အမေရိကန်ဒေါ်လာ ၃၀၊ လေးယောက်အိပ်တဲတစ်လုံးလျှင် ပြည်တွင်း ခရီးသွားများအတွက် တစ်ရက် ၄၅,၀၀၀ ကျပ်၊ နိုင်ငံခြားသားများအတွက် အမေရိကန်ဒေါ်လာ ၄၅၊ ခြောက်ယောက်အိပ် တဲတစ်လုံးလျှင် ပြည်တွင်းခရီးသွားများအတွက် တစ်ရက် ၆၀,၀၀၀ ကျပ်၊ နိုင်ငံခြားသားများအတွက် အမေရိကန်ဒေါ်လာ ၆၀ သတ်မှတ်ထားသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ နှစ်ယောက်အိပ်တဲ တစ်လုံးလျှင် ပြည်တွင်း ခရီးသွားများအတွက် တစ်ရက်လျှင် ၄၅,၀၀၀ ကျပ်၊ နိုင်ငံခြားသားများအတွက် အမေရိကန်ဒေါ်လာ ၄၅ ၊ လေးယောက်အိပ် တဲတစ်လုံးလျှင် ပြည်တွင်းခရီးသွားများအတွက် တစ်ရက် ၆၀,၀၀၀ ကျပ်၊ နိုင်ငံခြားသားများအတွက် အမေရိကန်ဒေါ်လာ ၆၀၊ ခြောက်ယောက်အိပ် တဲတစ်လုံးလျှင် ပြည်တွင်းခရီးသွားများအတွက် တစ်ရက် ၈၀,၀၀၀ ကျပ်၊ နိုင်ငံခြားသားများအတွက် အမေရိကန်ဒေါ်လာ ၈၀ သတ်မှတ်ထားကြောင်း Sweet Seasons Camping Ground Taunggyi က ကြေညာထားသည်။

ယမန်နှစ်က ပွဲတော်ရက်ကာလအတွင်း ရွက်ဖျင်တဲ တစ်လုံးလျှင် ၈၀,၀၀၀ ကျပ်၊ ၁၀၀,၀၀၀ ကျပ်၊ ၁၂၀,၀၀၀ ကျပ်၊ ကျပ်နှစ်သိန်း၊ ကျပ်နှစ်သိန်းခွဲ စသည်ဖြင့် ရက်အလိုက် ငှားရမ်းပေးခဲ့သည်။

အဆိုပါရွက်ဖျက်တဲ ဝန်ဆောင်မှု အစီအစဉ်ကို မီးပုံးပျံကွင်းနှင့် တစ်မိုင်ခန့် ကွာဝေးသည့် ကံကြီးရပ်ကွက်၌ ဖွင့်လှစ်ထားသည်။

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

M-01