News

POST TYPE

NEWS

တာချီလိတ်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် ဓားဖြင့်ထိုး၍ သေကြောင်းကြံ
23-Oct-2018

ကျိုင်းတုံ၊ အောက်တိုဘာ ၂၃

ထိုင်း - မြန်မာနယ်စပ် ရှမ်းအရှေ့ပိုင်း တာချီလိတ်မြို့နယ် လွယ်တော်ခမ်းးရွာအနီးရှိ လမ်းဘေးတွင် အောက်တိုဘာလ ၂၂ ရက် ညနေက အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် ဓားဖြင့်ထိုး၍ သေကြောင်းကြံစည်ခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဒဏ်ရာအခြေအနေက စိုးရိမ်ရတဲ့အနေအထားရှိပါတယ်။ လွန်ခဲ့တဲ့တစ်လလောက်က သူ့အဖေဆုံးသွားလို့ စိတ်ညစ်ပြီး အရက်တွေသောက်တဲ့အပြင် သေချင်တယ်လို့ပြောပြီး ၂၁ ရက်က အိမ်ကနေဆိုင်ကယ်နဲ့ ထွက်သွားတယ်လို့ သူ့မိန်းမက ထွက်ဆိုထားတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ပါခါရွာနေ အိုက်စိုင်း ၂၉ နှစ်သည် မိမိကိုယ်ကိုယ် ဓားဖြင့်ထိုးကာ သေကြောင်းကြံစည်ခဲ့ရာ ဒဏ်ရာရရှိခဲ့၍ တာချီလိတ်ဆေးရုံ၌ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16