News

POST TYPE

NEWS

ကျပ်သိန်း ထောင်ကျော်တန်ကားများ အရောင်းအဝယ်ကောင်း
21-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၁

အရောင်းအဝယ်အေးစက်နေသော ကားဈေးကွက်အတွင်း ကျပ်သိန်း နှစ်ထောင်မှ လေးထောင်ကြားရှိကားများ အရောင်းအဝယ် ပြန်လည် ကောင်းမွန်ကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။

ယခင်က အဆိုပါကားများ၏ အရောင်းအဝယ်သည် မရှိသလောက်ဖြစ်နေရာမှ ယခုအခါ ဝယ်လက်အချို့ ရှိလာသည့်အတွက် အရောင်းအဝယ် ကောင်းမွန်လာခြင်းဖြစ်ပြီး ကျပ်သိန်း ၁၀ဝ မှ ၂၀ဝ ကျော်ကားများ၏ အရောင်းအဝယ်မှာ ဆက်လက်အေးစက်ကြောင်း ရန်ကုန်ကားဈေးကွက်အတွင်းမှ ဝယ်ရောင်းများက ပြောကြားသည်။

“Lexus 570 တို့လို ပုံပြောင်းကားတွေ ရောင်းရတယ်။ တချို့က ပြည်တွင်းထုတ် ဈေးအမြင့်ကားတွေထက် ဒီလိုပုံပြောင်းတွေကို ကြိုက်ကြလို့ ဝယ်ကြတာပါ”ဟု လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ဦးအေးကျော်က ပြောဆိုသည်။

မြန်မာ့ကားဈေးကွက်အတွင်း ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုသည့် မူဝါဒအသစ် ပြောင်းလဲလိုက်ပြီးနောက်ပိုင်း ပြည်တွင်းသို့ အစိတ်အပိုင်းများ တင်သွင်းပြီး တပ်ဆင်ထုတ်လုပ်သည့် (SKD) စနစ်ဖြင့် မော်တော်ယာဉ်များ ထုတ်လုပ်ရောင်းချရန် ကားလုပ်ငန်းရှင်အများစုက ဟန်ပြင်နေကြကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိ၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၌ SKD စနစ်ဖြင့် ကားထုတ်လုပ်ရန်လျှောက်ထားသည့် ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၁၈ ခုခန့်ရှိကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

S-04