News

POST TYPE

NEWS

YBS ၂၃ ယာဉ် စက်ဘီးကို ဝင်တိုက်ရာမှ စက်ဘီးနင်းသူ သေဆုံး
21-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၂၁

လှိုင်သာယာမြို့နယ်၊ ဝါဝါဝင်းစက်မှုဇုန်လမ်းတွင် အောက်တိုဘာလ ၂၀ ရက် နံနက် ၁၁ နာရီခွဲက YBS ၂၃ ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဖြစ်ပြီး စက်ဘီးတစ်စီးကို ဝင်တိုက်မိသောကြောင့် စက်ဘီးနင်းသူအမျိုးသား ဖူးရောင်ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သော YBS ၂၃ ခရီးသည်ယာဉ်မှ ယာဉ်မောင်းမှာ ဝါဝါဝင်းစက်မှုဇုန်လမ်းအတိုင်း ယာဉ်ကိုမောင်းနှင်လာစဉ် ဝင်ပေါက်မုခ်ဦးအလွန်တွင် အရှိန်မထိန်းနိုင်ဖြစ်ပြီး စက်ဘီးတစ်စီးကိုဝင်တိုက်မိခဲ့ကြောင်း၊ စက်ဘီးနင်းသူအမျိုးသားမှာ လဲကျသွားချိန် ယာဉ်၏ ရှေ့ဘီးဖြင့် ထပ်မံကြိတ်မိခဲ့ကြောင်း ယာဉ်ထိန်းရဲအရာရှိက ပြောသည်။

ယာဉ်၏ ရှေ့ဘီးဖြင့် အကြိတ်ခံရမှုကြောင့် စက်ဘီးနင်းသူ အသက် ၃၆ နှစ် အမျိုးသားမှာ ဖူးရောင်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ၎င်းကို လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့စဉ် သေဆုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် YBS ၂၃ ယာဉ်မောင်းကို သောင်ကြီးနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄- က/ ၂၇၉/ ၂၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03