News

POST TYPE

NEWS

ရေနံချောင်းတွင် လူသုံးဦးနှင့် သံဃာတစ်ပါး ခွေးရူးအကိုက်ခံရ
18-Oct-2018

ချောက်၊ အောက်တိုဘာ ၁၈

ရေနံချောင်းမြို့တွင် ယနေ့ (အောက်တိုဘာ ၁၈ ရက်) နံနက် ၁၀ နာရီခွဲခန့်က လူသုံးဦးနှင့် သံဃာတစ်ပါး ခွေးရူးအကိုက်ခံခဲ့ရပြီး ခွေးရူးကိုမူ သတ်ပစ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများနှင့် မြို့နယ်ဆေးရုံတာဝန်ရှိသူများထံမှ သိရှိရသည်။

ယခုနှစ် စက်တင်ဘာလကုန်ပိုင်းကလည်း ရေနံချောင်းတွင်မြို့တွင် ကလေးများအပါအဝင် လူ ၁၀ ဦး ခွေးရူးအကိုက်ခံခဲ့ရသေးသည်။ ယခု ခွေးရူးအကိုက်ခံရမှုသည် မြို့ပေါ်တွင် ဒုတိယအကြိမ် လူအများအကိုက်ခံရခြင်းဖြစ်သည်။

ယနေ့ ခွေးရူးအကိုက်ခံရသူများသည် သပြေတန်းရပ်မှ အမျိုးသမီးတစ်ဦး၊ ပုဏ္ဏကုန်းရပ်မှ အမျိုးသားတစ်ဦး၊ စိန်ပန်းရပ်အတွင်း နွားကျောင်းသည့် အမျိုးသားတစ်ဦးနှင့် ကျောက်စာရုံဘုန်းကြီးကျောင်းမှ သံဃာတစ်ပါး အကိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ခွေးရူးအကိုက်ခံရသူများက ဆေးရုံသို့ လာရောက်ပြီး ခွေးရူးကာကွယ်ဆေး ထိုးသော်လည်း ဆေးပြတ်နေသဖြင့် တိုင်းကျန်းမာရေးဌာနမှ တောင်းနေပြီး ယနေ့ ညနေပိုင်းတွင် ဆေးရုံသို့ပြန်လာထိုးရန် ချိန်းထားသည်ဟု ရေနံချောင်းဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

R-24