News

POST TYPE

NEWS

အလဲဗင်းဆောင်းပါးကိစ္စညှိပေးရန် တိုင်းအစိုးရ မီဒီယာကောင်စီသို့တိုင်
18-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၈

Weekly Eleven ဂျာနယ်ပါ စီးပွားရေးသုံးသပ်ချက်ဆောင်းပါးနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ပေးရန်ဆိုကာ ရန်ကုန်တိုင်းအစိုးရ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က သတင်းမီဒီယာကောင်စီသို့ ယနေ့တိုင်ကြားလာကြောင်း ကောင်စီက သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ဆောင်းပါးရေးသားမှုကြောင့် Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် ဆောင်းပါးရှင် ကိုဖြိုးဝေဝင်းတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် ဦးအောင်ကျော်ခိုင်က တရားလိုလုပ်အမှုဖွင့်ထားသည်။

ဖမ်းဆီးခံထားရသည့် အယ်ဒီတာနှစ်ဦးနှင့်ဆောင်းပါးရှင်ကို မနေ့က တာမွေတရားရုံးတွင် ပထမအကြိမ်ရုံးထုတ်ခဲ့ပြီး ဦးအောင်ကျော်ခိုင်ကို စစ်ဆေးခဲ့သည်။ တရားလိုအပါအဝင် လိုပြသက်သေ ၅ ဦးပါသည့် ထိုအမှုကို ထပ်မံစစ်ဆေးရန် အောက်တိုဘာ ၂၆ ရက်တွင် ချိန်းဆိုထားသည်။