News

POST TYPE

NEWS

ဆိုင်ကယ်ခိုးယူသည့် လူငယ်တစ်ဦးထံမှ ဆိုင်ကယ် ၇ စီး သိမ်းဆည်းရမိ
15-Oct-2018

ကျိုင်းတုံ၊ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ဝမ်မောက်ကျေးရွာအနီး ကျိုင်းတုံ-မိုင်းခတ်လမ်းပေါ်တွင် အောက်တိုဘာ ၁၃ ရက် ညနေ ၄ နာရီခွဲခန့်က ဆိုင်ကယ်ခိုးယူနေသည့် လူငယ်တစ်ဦးကို ဖမ်းဆီးရမိခဲ့ရာ ဆိုင်ကယ် ၇ စီးနှင့် ကျပ် ၁၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ဇင်မင်းလတ်က ပြောကြားသည်။

“ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်တွေကို မိုင်းခတ်မှာနေတဲ့ တရားခံတွေနဲ့ ပူးပေါင်းခိုးယူပြီး ကာဗာတွေလဲပြီး ပြန်ရောင်းချနေတာလို့ သိရတယ်။ မိုင်းခတ်မှာနေတဲ့ ပူးပေါင်းတရားခံတွေကတော့ ထွက်ပြေးလွတ်မြောက်နေတယ်။ လက်ရှိမှာတော့ ဆိုင်ကယ်ပိုင်ရှင်နှစ်ဦး ပေါ်ပေါက်ပြီမို့ အမှုနှစ်မှုဖွင့်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်များခိုးယူပြီး ပုံဖျက်၍ပြန်လည်ရောင်းချသူ လော်ဆား (၂၅ နှစ်) ကို ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ကျင့် ၅၄ ဖြင့် သီးခြားစီ အရေးယူထားပြီး ကျန်ဆိုင်ကယ်ပိုင်ရှင်များ ပေါ်ပေါက်စေရန် စုံစမ်းနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16