News

POST TYPE

NEWS

Grab က Microsoft နှင့် နည်းပညာပူးပေါင်းမည်
15-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၄

မြန်မာအပါအဝင် အရှေ့တောင်အရှဒေသတွင်း၌ မိုဘိုင်းလ်ဖုန်း App ဖြင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးနေသော Grab က ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဝန်ဆောင်မှုအသစ်များ လုပ်ဆောင်နိုင်ရန်အတွက် Microsoft ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက သတင်းထုတ်ပြန်သည်။

ယင်းပူးပေါင်းဆောင်ရွက်မှုအရ Microsoft ၏ Machine Learning နှင့် အခြား AI ဆိုင်ရာ စွမ်းဆောင်ရည်များ အသုံးပြုပြီး ဒေသတွင်း ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

ယခုပူးပေါင်းဆောင်ရွက်မှုတွင် Grab က Microsoft ၏ နည်းပညာများဖြင့် ခရီးသည်နှင့် ယာဉ်မောင်းနှစ်ဖက်စလုံး မျက်နှာပုံပန်းသွင်ပြင် စစ်ဆေးနိုင်မည့်စနစ်များ၊ လိမ်လည်မှုများကို တားဆီးပေးနိုင်မည့် ဝန်ဆောင်မှုများ၊ သုံးစွဲသူများအချင်းချင်း အပြန်အလှန်ချိတ်ဆက်ပြောဆိုနိုင်မည့် စနစ်၊ ဘာသာစကားဘာသာပြန်ပေးနိုင်မည့်စနစ်၊ လမ်းပြမြေပုံ အဆင့်မြှင့်တင်ခြင်းအပါအဝင် အခြားဒစ်ဂျစ်တယ်စနစ်သစ်များ အသုံးပြုနိုင်မည်ဖြစ်သည်။

Grab ကုမ္ပဏီသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများတွင် ဒစ်ဂျစ်တယ်သယ်ယူပို့ဆောင် ရေးဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုဝန်ဆောင်မှု Grabpay လုပ်ကိုင်နေသည့် စင်ကာပူနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခု ဖြစ်သည်။

J-01