News

POST TYPE

NEWS

ဆူးလေဘုရားလမ်းလယ်ရှိ စတီးသံပန်းပေါ် ကျော်ခွတက်သူ စည်ပင်ဝန်ထမ်း ဓာတ်လိုက်သေဆုံး
15-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၄

ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းလယ်ရှိ စတီးသံပန်းပေါ် ကျော်ခွတက်သူ လမ်းတံတားဌာနမှ နေ့စားဝန်ထမ်းအမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၂၉ နှစ် အမျိုးသားမှာ အောက်တိုဘာလ ၁၃ ရက် နံနက် ၁ နာရီခန့်က ပန်းဘဲတန်းမြို့နယ်ရှိ မဟာဗန္ဓုလလမ်းနှင့် ရွှေဘုံသာလမ်းထောင့်တွင် လမ်းလယ်မျဉ်းရေးဆွဲနေပြီး ရေသန့်ဘူးဝယ်ယူရန် ဆူးလေဘုရားလမ်းရှိ ၂၄ နာရီ ဖွင့်လှစ်ရောင်းချနေသော ဈေးဆိုင်သို့ သွားရောက်ခဲ့သည်။

“ဓာတ်လိုက်သေဆုံးသူက ရေဆာလို့ မိုးအလင်းဆိုင်ဖွင့်တဲ့ ဈေးဆိုင်လိုက်ရှာရင်း ဆူးလေဘုရားလမ်းဘက်ရောက်လာတာ။ ဆူးလေဘုရားလမ်းရောက်တော့ အမြင့်လေးပေလောက်ရှိမယ့် လမ်းလယ်က စတီးသံပန်းပေါ် ကျော်ခွတက်ပြီး တစ်ဖက်လမ်းကို ကူးမလို့ လုပ်နေချိန်မှာ ဓာတ်လိုက်ပြီး ဆုံးသွားရှာတာ” ဟု ရဲအရာရှိက ပြောသည်။

ဓာတ်လိုက်သေဆုံးသူ စည်ပင်လမ်းတံတားဌာနမှ နေ့စားဝန်ထမ်း အမျိုးသား၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ပြီး ကျောက်တံတားမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၇/၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03