News

POST TYPE

NEWS

ကျောက်ကြီးတွင် ယာဉ်ကို ရပ်တန့်စစ်ဆေးရာမှ စိတ်ကြွဆေးပြားများ ဖမ်းမိ
12-Oct-2018



တောင်ငူ၊ အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု နှောထောကျေးရွာ ရွာဇရပ်အနီးကားလမ်းတွင် အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ယာဉ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟု ကျောက်ကြီးမြို့နယ်ရဲတပ် ဖွဲ့မှူးရုံးမှစုံစမ်သိရှိရသည်။

အဆိုပါနေ့ မွန်းလွဲပိုင်းက မုန်းနယ်မြေရဲစခန်းမှတာ ဝန်ရှိသူများသက်သေများ ပါဝင်သည့်အဖွဲ့မှနှောထောရွာ ဇရပ်နားတွင် သတင်းအရ ထန်းတပင်မြို့နယ် မဲဖလံကျေးရွာ ဦးခင်မောင်ချင်း (၃၃ နှစ်) မောင်းနင်လာသည့် Hijet အမျိုးအစား အဖြူရောင်ယာဉ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်မောင်းထိုင်ခုံယာဘက်ထောင့်အောက်နှင့် ကားဒတ်ဘုတ်ထဲမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၂၅၄ ပြား ကာလတန်ဖိုး(၁၂၇၀၀၀၀ ကျပ်) ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အမှုနှင့်ပတ်သက်ပြီး ခင်မောင်ချင်းကို မုန်းနယ်မြေရဲစခန်းက မယ (ပ) ၄/၂၀၁၈ မူး/စိတ်ပုဒ်မ ၁၉ (က) အရ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်နေသည်ဟု အဆိုပါရဲစခန်းမှ စုံစမ်းသိရှိရသည်။

R-15