News

POST TYPE

NEWS

ပုဂံတွင် အလုပ်သမားများ သပိတ်စခန်းဖွင့်
12-Oct-2018



ချောက်၊ အောက်တိုဘာ ၁၂

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံမြို့သရပါ ဟိုတယ်အနီး၌ ဟိုတယ်ချစ်သူမြို့နယ်အလုပ်သမား အဖွဲ့အစည်းမှ ဦးဆောင်သည့် အင်အား ၁၀၀ ခန့်က ထိုင်သပိတ်စခန်းကို ယနေ့နံနက်က စတင်ဖွင့်လှစ်လိုက်သည်ဟု ပုဂံ-သရပါ အခြေခံအလုပ်သမားအဖွဲ့အလုပ်အမှုဆောင် ကိုကျော်ဌေးက ဆိုသည်။ 

“တောင်းဆိုထားတာကတော့ ဝန်းထမ်းလျှော့ချခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဝန်ထမ်း (၁၂) ဦးကို မူလနေရာရာထူးအတိုင်း ပြန်လည်ခန့်အပ်ပေးရေးဖြစ်ပြီး ဒီတောင်းဆိုချက်မရမခြင်း သပိတ်စခန်းကို ရုတ်သိမ်းသွားမှာမဟုတ်ဘူး” ဟု သရပါ အခြေခံအလုပ်သမားအဖွဲ့အလုပ်အမှုဆောင် ကိုကျော်ဌေးက ပြောသည်။

သရာပါ ဟိုတယ်မှ အလုပ်မှရပ်နားသည့်အထဲတွင် သရပါ အခြေခံအလုပ်သမားသမဂ္ဂခေါင်းဆောင်နှင့် (EC) နှစ်ဦး၊ အဖွဲ့ဝင် (၇) ဦးပါပြီး အဖွဲ့ဝင်မဟုတ်သူ (၂) ဦး ပါရှိကြောင်းနှင့် အလုပ်သမားသမဂ္ဂတွင် ပါဝင်သူများအား အလုပ်မှရပ်နားခြင်းသည် အလုပ်သမားသမဂ္ဂကို ဖြိုခွင်းသလိုဖြစ်နေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

မြို့နယ် ဟိုတယ်ချစ်သူများ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးလည်းဖြစ်၊ သရပါအခြေခံ အလုပ်သမားအဖွဲ့၏ ဥက္ကဌလည်းဖြစ်သူ ဦးနေမျိုးဝင်းက “သြဂုတ် ၂၄ ရက်နေ့ကစပြီး ဟိုတယ်ကိုဧည့်သည် အဝင်နည်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားတွေကို ခေါ်ယူညှိနှိုင်းခြင်းမရှိဘဲ နားခိုင်းခဲ့တာ။ သမဂ္ဂကိုတော့ အကြောင်းကြားတဲ့ ပုံစံမျိုးပြောတယ်။ အဲဒါနဲ့ လူလျှော့လို့တော့မဖြစ်ဘူး။ တခြားနည်းလမ်းရှာမှဖြစ်မယ်ဆိုပြီး အကြံပြုတယ်မရဘူး။ သူဌေးကိုလည်း ကိုယ်တိုင်သွားတွေ့တယ်။ မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့ချုပ (MICS) ကလည်း ညှိနှိုင်းပေးတယ်မရဘူး။ သပိတ်စခန်းဖွင့်တော့မယ်ဆိုပြီး အသိပေးစာထုပ်ပြီးမှ နှစ်ကြိမ်ခေါ်ဆွေးနွေးတာလည်း အဆင်မပြေဘူး အဲဒါကြောင့် (MICS)ခွင့်ပြုချက်နဲ့ သပိတ်စခန်းဖွင့်လိုက်တာ” ဟု ဆိုသည်။

သရပါ ဟိုတယ်၌ ဝန်ထမ်း ၁၃၀ ခန့်ရှိပြီး ၁၀ ရာခိုင်နှုန်းလျှော့သည်ဟုဆို၍ ယင်းဝန်ထမ်း ၁၂ ဦးကို အလုပ်ရပ်နားလိုက်ခြင်းဖြစ်သည်ဟု ၄င်း သပိတ်စခန်းထံမှ သိရှိရသည်။

R-24