News

POST TYPE

NEWS

မုံရွာတွင် ကျောင်းသားနှစ်ဦး ကျောင်းသွားရင်း ပျောက်ဆုံး
12-Oct-2018

မုံရွာ၊ အောက်တိုဘာ ၁၁

မုံရွာမြို့၊ မြို့သစ်ရပ်၊ နယ်မြေ (၇) တွင် နေထိုင်သည့် ကျောင်းသားနှစ်ဦး အောက်တိုဘာလ ၈ ရက်နေ့က ကျောင်းသွားရာမှ ပျောက်ဆုံးသွားသဖြင့် မြို့မရဲစခန်းတွင် လူပျောက်တိုင်ကြားထားကြောင်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

မုံရွာမြို့ အ-ထ-က(၃) ဆူးလေကုန်းရပ်တွင် ကျောင်းတက်နေသည့် အသက် ၁၁ နှစ် မောင်စွမ်းဇော်ဇော်နှင့် အသက် ၁၂ နှစ်အရွယ် မောင်မြင့်မြတ်မိုးတို့နှစ်ဦးသည် အောက်တိုဘာလ ၈ ရက်နေ့က ကျောင်းသွားရာမှ ကျောင်းတက်ခြင်း မရှိဘဲ နေအိမ်သို့လည်းပြန်မရောက်လာသဖြင့် မိဘများက မြို့မရဲစခန်းတွင် အောက်တိုဘာလ ၉ ရက်နေ့က လူပျောက်မှုဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစခန်းမှ သိရသည်။

“မြို့သစ်က ကျောင်းသားလေးယောက် စီးနေကျကျောင်းကားမမီလို့ ဆိုက်တွဲစီးလာကြတာ ၁၀ နာရီထိုးနေတော့ ကျောင်းထဲမဝင်ရဲလို့ ကျောင်းရှေ့ရပ်ထားတဲ့ စီးနေကျကျောင်းကားပေါ်တက်အိပ်နေကြတယ်။ ၁၁ နာရီခွဲလောက် ကျန်ကျောင်းသားနှစ်ယောက်နိုးလာချိန် ပျောက်တဲ့နှစ်ယောက်ကို ရှာမတွေ့တော့ဘူး”ဟု စခန်းမှူး ဒုရဲမှူးကျင်စိန်က ပြောဆိုသည်။

ယင်းကျောင်းကြိုပို့ကားမှာ အမှတ် (၅) အထပ်သားစက်မှ ဝန်ထမ်းသားသမီးများကို ကြို/ပို့ပေးသော ကျောင်းကားဖြစ်ပြီး မြို့သစ်ရပ်ကွက်မှ ကျောင်းသားများမှာလည်း ကားခအခမဲ့ဖြင့် စီးနင်းလိုက်ပါလေ့ရှိကြကြောင်း ရပ်ကွက်ဒေသခံများထံမှ သိရသည်။

R-08