News

POST TYPE

NEWS

ဆည်တော်ကြီးရေလှောင်တမံ ဆည်ရေလျှော့ချ၊ အန္တရာယ်မရှိနိုင်ဟုဆို
12-Oct-2018



မန္တလေး၊ အောက်တိုဘာ ၁၁

မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီးရေလှောင်တမံတွင် ရေများလာသည့်အတွက် ရေပိုလွှဲတံခါးများမှတစ်ဆင့် အောက်တိုဘာလ ၁၁ ရက်နေ့က လျှော့ချခဲ့ကြောင်း ယင်းရေလှောင်တမံ ဦးစီးအရာရှိ ဦးကျော်ဇောက ပြောကြားသည်။

“မုန်တိုင်းမိုးရှိနေလို့ ကြိုပြီး ဝိတ်လျှော့ချတဲ့သဘောပါ။ အခုလည်းကန်ရေ ပြင်အမှတ်ကို မရောက်သေးပါဘူး။ စိုးရိမ်စရာမရှိပါဘူး” ဟု ၎င်းကပြောဆိုသည်။ 

ဆည်တော်ကြီး ရေလှောင်တမံဝင်ဆံ့ရေအမှတ်မှာ ၄၁၉ ဒသမ ၅ ပေ ဖြစ်ပြီး လက်ရှိရေအမှတ်မှာ ၄၁၈ ဒသမ ၅ ပေရှိနေ၍ ၄၁၄ ဒသမ ၅ ပေအထိ လျှော့ချသွားမည်ဖြစ်ကြောင်း ဦးကျော်ဇောက ရှင်းပြသည်။

ဆည်တော်ကြီးရေလှောင်တမံမှ ရေလွှတ်မည့်ကိစ္စနှင့်ပတ်သက်၍ ဆည်အောက်ရှိကျေးရွာများသို့ ကြိုတင်အကြောင်းကြားထားကြောင်း မတ္တရာမြိုနယ်ဒေသခံတောင်သူ ဦးသန်းလွင်က ပြောကြားသည်။

ကုန်းတွင်းမုန်တိုင်း၏သက်ရောက်မှုကြောင့် လေထုမတည်မငြိမ်ဖြစ်ကာ မန္တလေးတိုင်းအတွင်း၌ မိုးဆက်လက်ရွာသွန်းမည့် အနေအထားရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး) ညွှန်ကြားရေးမှူး ဦးကျော်လွင်က ပြောကြားသည်။

ဆည်တော်ကြီး ရေလှောင်တမံ၏ စိုးရိမ်ရေမှတ်မှာ ၄၂၁ ပေ ဖြစ်ကြောင်း အဆိုပါရေလှောင်တမံမှတ်တမ်းအရ သိရသည်။

M-08